BEC-TERO TV

တစ်ပွဲတည်း သွင်းဂိုး (၅၀) သွင်းပြီး အနိုင်ယူပြလိုက်တဲ့ အေဂျက်ယူ-၁၂

02 Dec 2019     1,710 Views


ကစားသမားကောင်းတွေနဲ့ လူငယ်ကစားသမားတွေ အများအပြားထွက်ပေါ်လာလေ့ရှိတဲ့ အေဂျက်စ်အသင်းအကယ်ဒမီဟာ ဥရောပမှာရှိတဲ့ အကောင်းဆုံးအကယ်ဒမီတွေထဲ့ တစ်ခုပါ။ ယခုလည်း အေဂျက်စ်ယူ-၁၂ အသင်းဟာ ဘောလုံးလောကမှာ မမြင်ဖူးတဲ့ မဖြစ်နိုင်လောက်တဲ့အရာကို လုပ်ပြလိုက်ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ စနေနေ့က ကန်ခဲ့တဲ့ ပွဲမှာ အေဂျက်စ် ယူ-၁၂ အသင်းဟာ MVV ယူ-၁၂ အသင်းကို ၅၀-၁ ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ ဒီရလဒ်ကို အေဂျက်စ်အသင်း အကယ်ဒမီ Twitter အကောင့်ကနေတင်ခဲ့တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေက်တော့ ၅၀-၁ ဂိုးဆိုတော့ ဟုတ်ပ ဟုတ်ပမလားဆိုရဲ့လား မယုံချင်စရာဖြစ်ခဲ့ကြပါတယ်။

ဒါကတော့ အမှန်တကယ် သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ၂ မိနစ်ကို တစ်ဂိုးနှုန်းတောင်မက သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်တွေက ‘တင်းနစ်ကစားရင်တောင်မှ အဲလောက်သွင်းဂိုး သွင်းနိုင်မှာ မဟုတ်ဘူး။ တစ်ကယ်တော်တဲ့ခလေးတွေလို့’ ပြောဆို ချီးကျူးခဲ့ကြပါတယ်။

နောင်အနာဂါတ် ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အေဂျက်စ်လူငယ်တွေ အများကြီး မြင်တွေ့ရဦးပါ။

 


02 Dec 2019     1,710 Views




RELATED

Most Popular of Football

Most Popular of Sport