BEC-TERO TV

လွန်ခဲ့တဲ့ (၁၀) နှစ်ကအကြွေးကို Ballon d'Or ဆုပေးပွဲ မှာ ပြန်ဆပ်လိုက်တဲ့ ဒီဒီယာဒရော့ဘာ

03 Dec 2019     1,461 Views


မနေ့ညက ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d'Or ဆုပေးပွဲ မှာ အခမ်းအနား အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွတ်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာဟာ ပြီးခဲ့တဲ့ (၁၀) နှစ်ကျော်ကာလက အကြွေးတင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို Ballon d'Or ဆုပေးပွဲ မှာ ပြန်ဆပ်လိုက်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၁၀) ကျော်အချိန်ကာလတုန်းက ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့  စတန်းဖို့ဒ်ဘရစ်ချ်မှာ ချန်ပီယံလိဂ် ဒု-ကျော့်အဖြစ်ကစားတဲ့ ပွဲမှာ အသက် (၁၀) သာရှိသေးတဲ့ အမ် ဘတ်ပီဆိုတဲ့ ကောင်းလေးက လာရောက်ကြည့်ခဲ့ပါတယ်။

ပွဲအပြီးမှာ ချဲလ်ဆီးအသင်းဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ပွဲအပြီးမှာ စိတ်ဆိုး ဒေါသထွက် ပေါက်ကွဲကာ ကွင်းအတွင်းထွက်လာတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာကို အမ် ဘတ်ပီဟာ ဓါတ်ပုံအတူတွဲရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့အချိန်က စိတ်ဆိုး ဒေါသထွက်လာတဲ့ ဒရော့ဘာဟာ ဘတ်ပီနဲ့ ဓါတ်ပုံရိုက်ဖို့ ငြင်းဆန်းခဲ့ပါတယ်။ ဒါပေမယ့် အခုချိန် ၂၀၁၉ Ballon d'Or ဆုပေးပွဲ အခမ်းအနားမှာ ပြန်တွေ့ချိန်တွင် ဒီဒီယာဒရော့ဘာ က အမ်ဘတ်ပီ နဲ့ selfie တူတူ တွဲရိုက်ရင်း အကြွေးဟောင်း ကို ပြန်လည် ပေးအပ်ခဲ့ပါတယ်။

ဒရော့ဘာက ‘​ ပြီးခဲ့တဲ့ (၁၀) နှစ်ကျော်တုန်းကပေါ့ ဘာစီလိုနာနဲ့ ကစားအပြီး ကလေးငယ်တစ်ဦးဟာ သူနဲ့အတူ ဓါတ်ပုံတွဲရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျတော်လည်း ဒေါသထွက်နေတဲ့ အချိန်ဖြစ်တာကြောင့် No လို့ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီအကြွေးဟောင်းကို ဒီနေ့ ပြန်ဆပ်ချင်ပါတယ်  ’ လို့ပြောဆိုခဲ့ပါတယ်။

အခမ်းအနားပြီးမှာ ဒရော့ဘာဟာ ပွဲလာတက်ရောက်သူတွေကို မတ်တပ်ရပ်ပေးဖို့ တောင်းဆိုရင်း အမ်ဘတ်ပီ ၊ တွဲဖက် ပွဲစီစဉ် တင်ဆက်သူ ဆန်ဒီဟာရီဘတ် တို့ selfie တူတူ ဆွဲ သွားခဲ့ကြပါတယ်။

 


03 Dec 2019     1,461 Views




RELATED

Most Popular of Football

Most Popular of Sport