BEC-TERO TV

မိဘများသဘောမတူလို့ ခွဲထားသဖြင့် ချစ်သူနှစ်ဦး အဆိပ်သောက်သေဆုံး

04 Dec 2019     3,598 Views


ဒီဇင်ဘာလ(၂) ရက်နေ့က တွံတေးမြို့နယ်တွင် ခိုးရာလိုက်ပြေးတဲ့ ချစ်သူနှစ်ဦးကို နှစ်ဖက်မိဘများက သဘောမတူ ခွဲထားသဖြင့် ချစ်သူနှစ်သူ အဆိပ်သောက် သေးဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ‘ ဖြစ်စဉ်မှာ သူတို့နှစ်ယောက် လွန်ခဲ့တဲ့ သုံးလလောက်က ခိုးရာလိုက်ပြေးဖူးပါတယ်။ အဲ့ဒါကို နှစ်ဖက်မိဘတွေက သဘောမတူလို့ ခွဲထားခဲ့ပါတယ်။

ချစ်ရက်နဲ့ မိဘများသဘောမူကြောင့် ခွဲခွာနေရတဲ့အခါ ကောင်းလေဘက်က မခံစားနိုင်ဖြစ်ကာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ အဆိပ်သောက် သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလ (၂) ရက်နေ့မှာ သေဆုံးလျှက်ရှိနေတဲ့ အလောင်းနားကို ကောင်မလေးဖြစ်သူက ငိုပြီးအိပ်ပြန်ခဲ့ပါတယ်။ ထို့နောက် ကောင်မလေးကလည်း မခံစားနိုင်ဖြစ်ကာ ကိုယ့်ကိုကိုယ် အဆိပ်သောက် သေးဆုံးခဲ့ပါတယ်။’ လို့ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ပတ်ဝန်ကျင်အနီးနားမှာ ရှိတဲ့သူတွေ ပြောပုံအရ ကောင်မလေးဖြစ်သူမှာ ကောင်လေးအနားမှာငိုယိုပြီး ‘နင့် နောက်ငါလိုက်ခဲ့မယ် ’ လို့ဆိုကာ အိမ်ပြန် အဆိပ်သောက် သတ်သေခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ ကောင်းလေးဖြစ်သ မောင်--- အသက်မှာ (၁၇ )နှစ်အရွယ်ဖြစ်ပြီး ကောင်မလေးဖြစ်သူ မ-- အသက်မှာ (၁၉) နှစ်ဖြစ်တယ်လို့ သိရပါတယ်။


04 Dec 2019     3,598 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS