BEC-TERO TV

ဆရာဝန် အကြံပေးကောင်းလွန်းလို့ ၄ လ သမီးလေး သေဆုံးရ

05 Dec 2019     1,391 Views


ချောင်းတွေအဆက်မပြတ်ဆိုးနေတဲ့ အသက် ၄ လအရွယ် သမီးလေးကို မိခင်ဖြစ်သူက နီးစပ်ရာ ဆေးခန်းက ဆရာဝန်နဲ့ သွားပြကြည့်ရာ ဆေးမပေးပဲ အကြံပေးလိုက်သဖြင့် သူ့လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့ရာ သမီးလေးမှာ မသေဆုံးသင့်ပဲနဲ့ သေဆုံးသွားခဲ့ရပါတယ်။

တရုတ်သတင်းစာ China Press သတင်းအရ ပြီးခဲ့တဲ့သီတင်းပတ်က ၄ လအရွယ် သမီးလေး ချောင်းတွေဆိုးနေခဲ့တာကြောင့် မိခင်ဖြစ်သူက ကလေးရဲ့ လည်ချောင်းနဲ့ အဆုတ်တို့ကို စစ်ဆေးရန် အိမ်အနီးနားက ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်ပြီးနောက် ကလေးက အားလုံးပုံမှန်ဖြစ်ပြီး အသက်ငယ်လွန်းသေးတဲ့အတွက် ဆေးထိုး ဆေးစားရန်မသင့်သေးကြောင်း ဆိုပါတယ်။ ဒါပေမယ့် တရုတ်ရိုးရာဆေးကုခန်းမှာ နှိပ်တဲ့ကုထုံး ခံယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

မိခင်ဖြစ်သူလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တရုတ်ရိုးရာ တိုင်းရင်းအနှိပ်ကုခန်းကို သွားခဲ့ပါတယ်။ ဆေးခန်းက ကလေးကို အကြောတွေဖွင့်ပေးတဲ့ နှိပ်နည်း(အပ်စိုက်နည်းနဲ့ဆင်တူ)နဲ့ မိနစ် ၂၀ လောက် နှိပ်နယ်ပြီး ကုသပေးခဲ့ပါတယ်။

သရုပ်ဖော်မျှသာ

အဲဒီနောက် သားအမိနှစ်ယောက် အိမ်ပြန်ခဲ့ကြပါတယ်။ အိမ်ရောက်ပြီး သိပ်မကြာခင်မှာ ကလေးရဲ့ နှာသီးဝကနေ ခရမ်းရောင် အမြုတ်အရည်လေးတွေ ထွက်လာခဲ့ပြီး ကလေးဟာ သိတိလစ်သွားကာ ပြန်နိုးမလာတော့ပါဘူး။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ မိခင်က ကလေးကို ဆေးရုံကို အမြန်ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးဟာ သေဆုံးသွားပြီလို့ ဆေးရုံက အတည်ပြုပေးခဲ့ပါတယ်။

သရုပ်ဖော်မျှသာ

ဆေးစစ်ချက်တွေအရ ကလေးရဲ့ကိုယ်တွင်း ကလီစာအချို့ပျက်ဆီးခဲ့ကြောင်း သေဆုံးရတဲ့အကြောင်းအရင်းမှာ ဖော်ပြထားပါတယ်။ ကလေးသေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး တရုတ်ရိုးရာအနှိပ် တိုင်းရင်းဆေးခန်းက ကလေးဟာ သူတို့ဆေးခန်းက ပြန်သွားတဲ့အချိန်မှာ အခြေအနေကောင်းခဲ့တာဖြစ်လို့ သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်၊ ဒါ့အပြင် ဆေးခန်းက ဝန်ထမ်းတွေဟာ ကျွမ်းကျင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုမှာတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။


05 Dec 2019     1,391 Views




RELATED

Most Popular of Special or Others

Most Popular of NEWS