BEC-TERO TV

အသင်းဟောင်းနဲ့ ပထမဆုံးပြန်အတွေ့မှာ အရှုံးနဲ့ လှည့်ပြန်ခဲ့ရတဲ့ မော်ရင်ဟို

05 Dec 2019     1,513 Views


မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ ပွဲကောင်းတစ်ကောင်းပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ မန်ယူအသင်းက အိမ်ကွင်း အိုးလ်ထရက်ဖိုဒ်ကွင်းမှာ ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ စပါးနည်းပြ မော်ရင်ဟိုက အသင်းဟောင်းကို ပထမဆုံးပြန်လည် ရင်ဆိုင်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး အရှုံးနိမ့်နဲ့လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်းစလုံး ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး ပွဲအစမှာ မန်ယူအသင်းက စပါးအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပွဲချိန် (၆) မိနစ်မှာတင် တိုက်စစ်မှူး ရက်ဖို့ဒ်က ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ချေပဂိုးရဖို့ ကြိုးစားနေတဲ့ စပါးအသင်းဟာ ပွဲချိန် (၃၉)မိနစ်မှာတော့ ဒယ်လီအယ်လီက ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ (၁-၁)ဂိုး ဖြစ်နေခဲ့ပါတယ်။ 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်ယူအသင်း အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၄၉)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကြောင့် ပယ်နယ်တီ ရခဲ့ပါတယ်။ ပယ်နယ်တီဧရိယာထဲ ဝင်လာတဲ့ ရပ်ရှ်ဖို့ဒ်ကို စပါးကစားသမား တားဆီးရာမှာ ကြမ်းတမ်းခဲ့တာကြောင့် မန်ယူအသင်း ပယ်နယ်တီရခဲ့တာဖြစ်ပြီး အဲဒီပယ်နယ်တီကို ရပ်ရှ်ဖို့ဒ်ပဲ ကန်သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်မှာ နှစ်ဖက်အသင်းစလုံးဂိုးရရှိခဲ့ခြင်းမရှိဘဲ ၂-၁ ဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။ မန်ယူအသင်းတိုက်စစ်မှူး ရက်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် နောက်ဆုံး (၁၀)ပွဲမှာ ၉ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။

စပါးအသင်းနည်းပြသစ် မော်ရင်ဟိုဟာ စပါးအသင်းကို (၄) ပွဲကိုင်တွယ်ထားပြီး ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။စပါးအသင်းဟာ မန်ယူအသင်းနဲ့ နောက်ဆုံးတွေ့ ဆုံမှု (၅) ကြိမ်မှာ တစ်ကြိမ်မှာ အနိုင်မရခဲ့ဘဲ (၃ ပွဲသရေ၊ ၂ ပွဲရှုံး)ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဟိုက်လိုက်


05 Dec 2019     1,513 Views




RELATED

Most Popular of Football

Most Popular of Sport