BEC-TERO TV

အင်ဒိုနီးရှားအသင်းကို အနိုင်ရဖို့အစွမ်းကုန် ကြုးစားသွားမယ်လို့ ပို့ပေါ့ဗ်ပြောကြား

06 Dec 2019     1,400 Views


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာယူ-၂၂ နည်းပြ ပိုပေါ့ဗ်က အင်ဒိုနီးရှားအသင်းကို အနိုင်ရဖို့အစွမ်းကုန် ကြုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။


"ပြိုင်ပွဲမစခင်က ဖိလစ်ပိုင်နဲ့ မလေးရှားတို့က အုပ်စုကနေတက်ဖို့ ရေပန်းစားခဲ့ပေမယ့် ကျွန်တော်တို့နဲ့ ကမ္ဘောဒီးယားက ခြေစွမ်းပြပြီး ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ပစ်မှတ်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။ ကျွန်တော်တို့တွေ ပိုကောင်းအောင် ထပ်ကစားနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။

အင်ဒိုနီးရှားအသင်းက သိပ်ကိုတောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ နည်းစနစ်ကောင်းတယ်။ လျှင်မြန်တဲ့အပြင် သိပ်ကို အန္တရာယ်များတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့အနေနဲ့ ပွဲကို သေချာချဉ်းကပ်ပြီး ကစားဖို့လိုပါတယ်။]

အင်ဒိုနီရှားတို့အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ဖြစ်အောင် ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားမှာပါ။ ပိုကောင်းတဲ့အသင်းက ဗိုလ်လုပွဲကို တက်ပါလိမ့်မယ်" ဟု မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနည်းပြ မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်က ပြောကြားခဲ့ပါတယ်။

မြန်မာယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှားယူ-၂၂ အသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂:၃၀ နာရီ တွင် Rizal Memorial ကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref Myanmar Football Federation


06 Dec 2019     1,400 Views




RELATED

Most Popular of Football

Most Popular of Sport