BEC-TERO TV

မိသားစုနဲ့ ခရီးလွန်နေတာကြောင့် ရုံးချိန်းတက်ရန်ပျက်ကွက်ခဲ့တဲ့ မိုးအောင်ရင်

06 Dec 2019     1,425 Views


လတ်တလောပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်စားနေတဲ့သတင်းတစ်ခုကတော့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့သတင်းပဲဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါးအမှုနဲ့ အချုပ် ၂ နှစ်တာကျခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ထောင်ကလွတ်လာတာမှ သိပ်မကြာ ယခုအခါ ချစ်သူဖြစ်သူရဲ့ ထပ်မံတရားစွဲဆိုမှုကိုခံလိုက်ရတာကြောင့် ပရိသတ်တွေကြားမှာတော့ မိုးအောင်ရင်ရဲ့သတင်းက အတော်လေးနာမည်ကြီးနေတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မိုးအောင်ရင်ဟာ သိပ်မကြာခင်က သူ့ရဲ့ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မီဒီယာကနေတစ်ဆင့် အတိအလင်းပြောကြားခဲ့ပါတယ်။ ချစ်သူဖြစ်သူကမူးယစ်ဆေးနဲ့မကင်းသေးတာကြောင့် လမ်းခွဲလိုက်ခြင်းဖြစ်တယ်ဆိုတဲ့ မိုးအောင်ရင်ရဲ့ပြောကြားချက်ဟာ အွန်လိုင်းသုံးစွဲသူတွေကြားထဲမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပြီး ဝေဖန်ပြစ်တင်ခံခဲ့ရပါသေးတယ်။

ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတိအလင်းကြေညာလိုက်ပြီးနောက်မှာတော့ မိုးအောင်ရင်ရဲ့ချစ်သူဖြစ်သူ မခင်မြတ်နိုးမှ ကာမလိမ်လည်မှုဖြင့် မိုးအောင်ရင်ကို တရားစွဲဆိုခဲ့ပါတယ်။ သုံးနှစ်ကျော် လေးနှစ်တာမျှချစ်သူအဖြစ်လက်တွဲခဲ့ပြီး လက်ထပ်မယ်ဟုပြောဆိုကာ ကာမလိမ်လည်ရယူခဲ့ပြီး လက်ထပ်ယူခြင်းမရှိပဲ ယခုလိုလမ်းခွဲခဲ့သည့်အတွက် မခင်မြတ်နိုးမှ မိုးအောင်ရင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကင်းမြို့နယ်တရားရုံးတွင် မိုးအောင်ရင်ကိုတရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ ပထမဆုံးရုံးချိန်းကို စတင်ပြုလုပ်ခဲ့ပါတယ်။ ယနေ့ရုံးချိန်းကိုတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးကတက်ရောက်ခဲ့ပေမယ့် မိုးအောင်ရင်ကတော့ မိသားစုနဲ့အတူခရီးလွန်နေတာကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပထမဆုံးရုံးချိန်းမှာတင် တက်ရောက်ရန်ပျက်ကွက်ခဲ့သည့် မိုးအောင်ရင်ကို ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ထပ်မံပြုလုပ်မယ့် ဒုတိယရုံးချိန်းကိုတော့ မပျက်မကွက်လာရောက်ရန် တရားသူကြီးမှ သတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

 

Photos_ Cele Gabar

(ပိုပိုလေး)


06 Dec 2019     1,425 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment