BEC-TERO TV

ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာ့အကြီးဆုံးရေတံခွန်ကြီး ခြောက်ခမ်းနေ

09 Dec 2019     1,619 Views


ကြောက်စရာကောင်းတဲ့ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာ့အကြီးဆုံးနဲ့ အလှဆုံး ဧရာမရေတံခွန်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယားရေတံခွန်ကြီးဟာ ရေတွေခမ်းခြောက်ပြီး အရိုးအပြိုင်းပြိုင်းကျနေတဲ့ ကျောက်ဆောင်ကျောက်သားတွေကို အကျည်းတန်စွာမြင်တွေ့နေရပါပြီ။

ဗစ်တိုးရီးယားရေတံခွန်ဟာ အာဖရိကတောင်ပိုင်းမှာရှိတဲ့ ဇမ်ဘီဇီမြစ်ကြီးထဲကနေ စီးဆင်းလာတာဖြစ်ပါတယ်။ ကမ္ဘာ့အလှအပဆုံး သဘာဝနေရာတစ်ခုအဖြစ် စာရင်းဝင်ပြီး နိုင်ငံခြားသားခရီးသည်တွေ အမြဲလိုလို အများအပြား လာရောက်ကြည့်ရှုလည်ပတ်ကြတဲ့ သဘာဝအလှရှုခင်းနေရာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဇမ်ဘီဇီမြစ်ရေတွေ ခမ်းခြောက်လာပြီး ယခင်ကလိုရေတွေ မစီးဆင်းနိုင်တော့တဲ့အတွက် ရေတံခွန်ကြီးက အကျည်းတန်နေတာကို တွေ့မြင်ရပါတယ်။ ယခင်နှစ်တွေထဲက ရေစီးဆင်းမှုတွေ သိသိသာသာလျှော့နည်းလာပြီး ဒေသခံတွေအနေနဲ့ အခုလိုအဖြစ်မျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ရာသီဥတု အဆိုးပိုင်းကို ပြောင်းလဲလာနေခြင်းဟာ ဒေသခံတွေရဲ့ ခရီးသွားစီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ဇင်ဘာဘွေနဲ့ ဇမ်ဘီးယားနိုင်ငံတွေဟာ ဇမ်ဘီဇီမြစ်ရဲ့ ရေအားကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ကြတဲ့အတွက် အခုဆိုရင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာခံနေကြရပါတယ်။

(ပိုပိုလေး)


09 Dec 2019     1,619 Views




RELATED

Most Popular of Special or Others

Most Popular of NEWS