BEC-TERO TV

မုဒိန်းကျင့်တာဟာ တရားဝင်ဖြစ်သင့်တယ်လို့ ပြောချလိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာ

09 Dec 2019     1,519 Views


အိန္ဒိယနိုင်ငံက ‘ပရီရန်ကာရက်ဒီ’ ဆိုသူ အမျိုးသမီးရဲ့ အလောင်းကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာမှာ အုပ်စုလိုက် အဓ္ဓမပြုကျင့်တာခံခဲ့ရကြောင်း စိတ်မကောင်းစရာသတင်း ပေါ်ထွက်လာခဲ့ပြီးနောက် အိန္ဒိယရုပ်ရှင်ဒါရိုက်တာ ‘ဒန်နီရယ် ရှာရာဗန် (Daniel Shravan)’ က မုဒိန်းကျင့်တာကို တရားဝင်တယ်လို့ သတ်မှတ်လိုက်ရင် အခုလို လူသတ်မှုတွေ ပေါ်လာမှာမဟုတ်ဘူးလို့ လူမှုကွန်ယက်ပေါ်ကနေ နှမသားချင်းမစာနာစွာ ရေးသားမှတ်ချက်ပေးခဲ့ပါတယ်။

လက်တလောမှာ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ ‘ဒန်နီရယ် ရှာရာဗန်’ ရဲ့ ရေးသားချက်က ကြက်သီးထစရာကောင်းလောက်အောင် လူစိတ်ကင်းမဲ့နေတာကိုတွေ့ရပါတယ်။ အစိုးရအနေနဲ့ သတ်ဖြတ်မှုတွေမရှိပဲ မုဒိန်းကျင့်တာကို တရားဝင်ဖြစ်တယ်လို့ အားပေးသင့်တယ်။ အသက် ၁၈ နှစ်ပြည့်တဲ့ မိန်းကလေးတွေကိုလည်း မုဒိန်းကျင့်ခံရတာတဲ့ပက်သက်ပြီး အမျိုးသားတွေရဲ့ ကာမဆန္ဒကို မငြင်းဆန်ရဖူးဆိုတဲ့ အသိပညာမျိုးပေးသင့်တယ်။ ဒီနည်းလမ်းကသာလျှင် မုဒိန်းကျင့်ပြီး လူသတ်တာတွေ ပပျောက်သွားလိမ့်မယ်။

အုပ်စုဖွဲ့ အဓ္ဓမပြုကျင့် သတ်ခံခဲ့ရသူ 'ရန်ကာရက်ဒီ’ 

အထူးသဖြင့် အိန္ဒိယအမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတာနဲ့ ကွန်ဒုံးဆောင်ထားသင့်ကြောင်း ပညာပေးထားသင့်တယ်။ ကိစ္စက ရှင်းပါတယ် ကာမဆန္ဒအာသာပြေသွားရင် ယောက်ျားတွေက သူတို့ကို သတ်မှာမဟုတ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ မုဒိန်းကျင့်ခံရတော့မယ်ဆိုရင် မုဒိန်းသမားကို ကွန်ဒုံး ကမ်းပေးလိုက်ပြီး သူ့ရဲ့ကာမဆန္ဒပြည့်ဝသွားအောင် အေးဆေးနေပေးလိုက်ပါ၊ ဒါဆိုရင် သူကလည်း နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး လို့ ရေးသားခဲ့ပါတယ်။

 

ဒီသတင်းဟာ ကမ္ဘာအရပ်ရပ်က သတင်းဌါနတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ Daily Mail သတင်းအရ ‘ဒန်နီရယ် ရှာရာဗန်’ ဟာ သူ့ရဲ့ ကွန်မန့်ကို ပြန်ဖျက်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် စခရင်ရှော့တွေနဲ့ ပုံတွေကြောင့် သူမရေးခဲ့ပါဘူးလို့ ငြင်းလို့ မရနိုင်ပါဘူး။

အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရရှိရေးနဲ့ အမျိုးသားတွေရဲ့ စိတ်မထင်ရင် မထင်သလို အဓ္ဓမပြုကျင့်မှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြရပါတယ်။ အိန္ဒိယဟာ အမျိုးသမီးတွေအတွက် အကာအကွယ်မဲ့တဲ့ နိုင်ငံတစ်ခုဖြစ်နေပြီး အချို့သော အိန္ဒိယအမျိုးသားတွေရဲ့ စိတ်ထဲမှာ အဓ္ဓမပြုကျင့်(မုဒိန်းကျင့်)ပြီး လူသတ်တာဟာ ဘာမှမဖြစ်ဘူးလို့ ခံယူထားကြပါတယ်။ ဒီလိုဖြစ်ရတာဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့် အမျိုးသားတွေရဲ့ ကာမဆန္ဒကို နိုးကြွလာစေတာကြောင့် ဆန္ဒဖြည့်ဆည်းတာဖြစ်တယ်လို့ လွဲမှားစွာ လက်ခံနေကြပါတယ်။


09 Dec 2019     1,519 Views




RELATED

Most Popular of Special or Others

Most Popular of NEWS