BEC-TERO TV

နာမည်ကြီးမော်ဒယ်ကနေ ချစ်သူနဲ့တွေ့မှ ဓာတ်ဆရာဖြစ်သွားရတဲ့ ပက်ထရစ်ရှာ

16 Dec 2019     1,831 Views


အသားအရည်ဖြူဖွေးဖွေး၊ International ဆန်တဲ့ မျက်နှာပေါက်လေးနဲ့ သွယ်လျလှပတဲ့ ကိုယ်လုံးလေးကိုပိုင်ဆိုင်ထားကာ နိုင်ငံခြားသူတစ်ယောက်လို ချောမောလှပလွန်းလို့ အားလုံးကသဲသဲလှုပ်ချစ်နေကြရပြီး ရှာရှာလို့ချစ်စနိုးလေးခေါ်ကြတဲ့ ပက်ထရစ်ရှာဟာဆိုရင် နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလဲ ပရိသတ်ရဲ့လက်ခံအားပေးမှုတွေကို ရရှိထားသူဖြစ်ပါတယ်။ အနုပညာလောကထဲမှာ နာမည်တစ်ခုရရှိထားတဲ့ရှာရှာကတော့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေရသူလဲ ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လတ်တလောမှာတော့ ရှာရှာက အလုပ်တွေကိုခဏပစ်ပြီး မြန်မာပြည်ကိုရောက်နေတဲ့ချစ်သူနဲ့အတူ အင်းလေးကိုအပန်းဖြေခရီးထွက်နေတာ တွေ့ရပါတယ်။ ရှာရှာရဲ့ချစ်သူကတော့ အားလုံးသိထားကြတဲ့အတိုင်း နိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး ချစ်သူလေးရဲ့မွေးနေ့မှာအတူရှိနေပေးနိုင်ဖို့ မိုင်ပေါင်းထောင်ချီဝေးတဲ့ Europe ကနေ မြန်မာပြည်ထိ လာရောက်ခဲ့တာပဲဖြစ်ပါတယ်။ ပက်ထရစ်ရှာကတော့ ယခုလိုမျိုး သူမရဲ့မွေးနေ့အတွက် ခရီးဝေးကြီးကိုဖြတ်ပြီး မြန်မာပြည်ထိရောက်လာပေးတဲ့ချစ်သူကြောင့် အလွန်ကိုဝမ်းသာပျော်ရွှင်နေပြီး မြန်မာပြည်ရောက်ခိုက်မှာ ချစ်သူနဲ့အတူတူ ခရီးထွက်ရင်းအပန်းဖြေနေတာဖြစ်ပါတယ်။

ပက်ထရစ်ရှာကတော့ သူမရဲ့ချစ်သူနိုင်ငံခြားသားကို မြန်မာပြည်ရဲ့အလှအပတွေကို လိုက်လံပြသရင်း ရှမ်းဝတ်စုံနဲ့ ခန့်ညားလွန်းနေတဲ့ချစ်သူကို ချစ်မ၀ဖြစ်နေတာကိုလည်း မြင်တွေ့ရပါတယ်။ ရှာရှာကတော့ အင်းလေးမှာလည်ပတ်ရင်း ချစ်သူအတွက် ဓာတ်ဆရာလုပ်ပြီး အမှတ်တရဓာတ်ပုံတွေလိုက်ရိုက်ပေးနေတာကိုလဲ တွေ့ရပါတယ်။

နာမည်ကြီးမော်ဒယ်တစ်ယောက်က ချစ်သူနဲ့တွေ့မှ ဓာတ်ဆရာဖြစ်သွားရတဲ့ ပက်ထရစ်ရှာရဲ့အဖြစ်အပျက်က ပရိသတ်တွေကြားမှာ အလွန်ကိုသဘောကျစရာဖြစ်လို့နေပါတယ်။ ရှာရှာရဲ့ချစ်သူကတော့ လူမျိုးမတူ နိုင်ငံခြားသားဆိုပေမယ့် ချစ်သူအတွက်ဆို မိုင်ထောင်ချီဝေးတဲ့ ခရီးကိုတောင်ရွက်လွှင့်ပြီး Europe ကနေ မြန်မာပြည်ကိုချက်ချင်းရောက်လာတဲ့ထိ ချစ်သူကိုတန်ဖိုးထားပြီး ချစ်တတ်လွန်းသူကြီးမို့ ပရိသတ်တွေကတော့ ရှာရှာအတွက် ဝမ်းသာနေကြတာလဲဖြစ်ပါတယ်။

ကိုယ်တိုင်က မော်ဒယ်တစ်ယောက်ဖြစ်နေပေမယ့် ချစ်သူအတွက် စိတ်ရှည်ရှည်နဲ့ ဓာတ်ဆရာလုပ်ပြီး ဓာတ်ဖမ်းပေးနေတဲ့ ပက်ထရစ်ရှာရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်တိုင်ကဘာကြီးဖြစ်နေပါစေ ချစ်သူအတွက်ဆို အမြဲအသင့်ရှိနေတဲ့ ရှာရှာလိုချစ်သူမျိုးနဲ့ ချစ်သူအတွက်ဆို မိုင်ပေါင်းထောင်ချီဝေးနေပါစေ အပြေးရောက်လာတတ်တဲ့ ပက်ထရစ်ရှာရဲ့ချစ်သူလိုမျိုး ကိုယ့်မှာရော ပိုင်ဆိုင်ထားကြပြီလား…??

 

(ပိုပိုလေး)


16 Dec 2019     1,831 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment