BEC-TERO TV

လင်မယားချင်းရန်ဖြစ်လို့ ငယ်ပါကိုထိခိုက်ရင် အမျိုးသမီးများ ထောင် ၁၀ နှစ်ထိကျနိုင်

24 Dec 2019     2,199 Views


တရားဥပဒေအရ လင်းမယားချင်း ရန်ဖြစ်လည်း တစ်စုံတစ်ယောက် ထိခိုက်နစ်နာမှုရှိရင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အပြစ်ပေးအရေးယူခံရမှာဖြစ်ပါတယ်။ လင်မယားချင်း ကျေအေးပေမယ့် တရားဥပဒေကတော့ မျက်နှာလွှဲဖယ်မှာ မဟုတ်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံ ပရိုဘွန်လင်ဂိုစီရင်စုက အသက် ၃၀ အရွယ် ‘နုဖာဒီ’ ဆိုသူအမျိုးသမီးက အသက် ၃၄ နှစ်အရွယ် ခင်ပွန်းသည် ‘ဆမ်ဆယ်အာရီဖင်’ ဆိုသူကို လင်မယားချင်း ကတောကဆဖြစ်ပြီး ရန်ဖြစ်ကြစဉ် အမျိုးသား၏ ငယ်ပါအား တက်ခုန်ကန်ကျောက်မှုဖြင့် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က အခြားသူတစ်ယောက်နဲ့ ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေးကိစ္စနဲ့ လင်မယားစကားများခဲ့ပြီး မိန်းမက ယောက်ျားကို ရိုက်နှက်စဉ် ယောက်ျားက လဲကျသွားပြီး စားပွဲစောင်းနဲ့ ဦးခေါင်းရိုက်မိကာ ကြမ်းပြင်ပေါ် လဲကျခဲ့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံပဲ ဇနီးဖြစ်သူက ယောကျ်ား၏ ငယ်ပါအား ဆောင့်နင်းခဲ့သဖြင့် ဆေးရုံတင်ခဲ့ရပါတယ်။

ယောကျ်ားဘက်က ဆွေမျိုးများက အမှုဖွင့်ခဲ့သဖြင့် ရဲတွေက အမျိုးသမီးကို ထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။ အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ် ၄ လ ကျခံဖွယ်ရာရှိပြီး အမျိုးသားရဲ့ ထိခိုက်ခဲ့မှုအခြေနေပေါ်မူတည်ကာ ပြစ်ဒဏ်တိုးမြှင့်နိုင်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံနိုင်ကြောင်း Kompas သတင်းတွင် ဖော်ပြပါရှိသည်။


24 Dec 2019     2,199 Views




RELATED

Most Popular of Special or Others

Most Popular of NEWS