BEC-TERO TV

သားသတ်ရုံကိုမပို့ဖို့ ဒူးထောက်တောင်းပန်နေရှာတဲ့ သနားစရာ နွားမကြီး (ရုပ်သံ)

10 Jan 2020     1,978 Views


နွားမကြီးဟာ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေပေမယ့် သားသတ်ရုံကို ပို့ဖို့အတွက် နွားခြံထဲကနေ ကြိုးနဲ့ဆွဲထုတ်ခံခဲ့ရပါတယ်။ သူသတ်ခံရတော့မှာကို အလိုလိုသိနေတဲ့ နွားမကြီးဟာ ကြိုးစားပြီး ရုန်းကန်ရှာပါတယ်။ မျက်ရည်စက်လက်နဲ့ လူတွေရဲ့ ဆွဲရာခြံအပြင်ဘက်ထိ ပါလာပြီး ကားပေါ်ကို တင်ကာနီးဆဲဆဲမှာ ရှေ့ခြေထောက်လေးနှစ်ချောင်းကို ဒူးထောက်ချလိုက်ပြီး သူမကို သားသတ်ရုံ မပို့ဖို့ တိုးလျှိုးတောင်းပန်လိုက်တာကို မြင်လိုက်ရသူတွေအားလုံး ရင်ထဲကို ထိခိုက်နာကျင်ခံစားခဲ့ရပါတယ်။ ဒီရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ပြင်းထန်သွားခဲ့ပါတယ်။

အဖြစ်ပျက်ဟာ တရုတ်နိုင်ငံရဲ့ သားသတ်ရုံများ တည်ရှိရာ ဂွမ်ဒေါင်းပြည်နယ် ရှန်တူးမြို့မှာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ နွားတွေကို ဇီး(ကိုယ်ဝန်)ရှိနေလည်း အရေးမစိုက်ပဲ အသားထုတ်လုပ်ဖို့အတွက် သားသတ်ရုံကို ပို့လေ့ရှိကြပါတယ်။ သားသတ်ရုံကို မပို့ခင် နွားမှာ ဇီးရှိနေလားဆိုတာကို စစ်ဆေးတာတွေ လုပ်၊ မလုပ်ဆိုတာကတော့ မသေချာပါဘူး။

ရုပ်သံထဲက နွားမကြီးဟာ သူမရဲ့အသက် အတွက်ရော ဗိုက်ထဲက နွားကလေးအတွက်ပါ လူတွေကို ချမ်းသာပေးဖို့ မျက်ရည်စက်လက်နဲ့ ဒူးထောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ဘယ်သူမှ တစ်ခါမျှ မကြုံတွေ့ခဲ့ကြဖူးပါဘူး။ ဒီရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးနောက် တိရိစ္ဆာန်ချစ်သူတွေက ဒီနွားမကြီးကို သားသတ်ရုံမပို့ဖို့ တားဆီးတဲ့ကမ်ပိန်းတွေ ချက်ခြင်းလုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ အားလုံး ပိုက်ဆံဝိုင်းစုပြီး နွားမကြီးကို အသက်ဘေးကနေ ကယ်တင်နိုင်လိုက်ကြပါတယ်။ ရံပုံငွေ စုစုပေါင်း ယွမ် ၂၄,၉၅၀ (ကျပ် ၅၂ သိန်းကျော်) ရခဲ့ပြီး နွားမကြီးကို ပြန်လည်ဝယ်ယူကာ အနီးနားက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဘေးမဲ့လွှတ်ပေးခဲ့ပါတယ်၊ ရံပုံငွေကနေ ပိုလျှံတဲ့ငွေတွေကိုတော့ ဘုန်းကြီးကျောင်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။


10 Jan 2020     1,978 Views




RELATED

Most Popular of Special or Others

Most Popular of NEWS