BEC-TERO TV

၂ နှစ်သားလေးကို သေနတ်နဲ့ပစ်သွားသော ရွှေဆိုင် ဓားပြမှု စီစီတီဗီရုပ်သံ

10 Jan 2020     1,631 Views


ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ လော့ဘူရီမြို့ရှိ ရော်ဘင်စင်ကုန်ကြီးတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်တစ်ဆိုင်ကို မျက်နှာဖုံးစွတ် သေနတ်သမားတစ်ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကလေးငယ်နဲ့အတူ လုံးခြုံရေးဝန်ထမ်းနှင့် အရောင်းဝန်ထမ်း တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ သေနတ်သမားက သေနတ်ကို ပစ်ချင်ရာ ပစ်ခဲ့တာကြောင့် ပတ်ဝန်းကျင်မှ အခြားလူ ၄ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့သည်။

 

ထိုင်းဘတ် ၅ သိန်းခန့် တန်ဖိုးရှိသည့် ရတနာပစ္စည်းတွေကို ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရန် အပူတပြင်းဆောင်ရွက်လျှက်ရှိပြီး သတင်းပေးနိုင်သူအား ဘတ် ၁ သိန်း ချီးမြှင့်မည်ဟု ဆုငွေထုတ်ထားကြောင်း သိရသည်။

 


10 Jan 2020     1,631 Views




RELATED

Most Popular of International News

Most Popular of NEWS