BEC-TERO TV

အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အဲရစ်ဆင်

13 Jan 2020     1,364 Views


စပါးအသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွေ့ဖို့အတွက် (၄) နှစ်ခွဲစာချုပ်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း အီတလီသတင်းစာများက ဖော်ပြချက်အရ သိရပါတယ်။

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းတွင် တစ်နှစ်လုပ်ခလစာ ပေါင် (၆.၅) သန်းရရှိမှာ ဖြစ်တယ်လိုသိရပါတယ်။ စပါးအသင်းက အဲရစ်ဆင်၏ပြောင်းရွေ့ကြေးအဖြစ် ပေါင် (၁၇) သန်းအလို ရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ယခုဇန်နဝါရီအပြောင်းအရွေ့တွင် အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ယခုလာမည့်အပါတ်အတွင်း စပါးအသင်းနှင့် အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ အပါတ်က လီဗာပူးလ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ  ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲချိန် (၆၉) မိနစ်မှာ လိုဆယ်ဆိုနှင့် လူစားလဲခံခဲ့ရပါတယ်။ ထို့နောက် အဲရစ်ဆင်က ပွဲကြည့်စင်မှ ပရိတ်သတ်များကို လက်ပြနှုတ်ဆက်သွားခဲ့တယ်လို့ Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ အသင်းကနေ ထွက်ခွာချင်နေတဲ့ အဲရစ်ဆင်ကိုလည်း အသင်းပရိတ်သတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

အဲရစ်ဆင်ဟာ ၂၀၀၃ ခုနှစ်တွင် နယ်သာလန်ကလပ် အေဂျက်စ်အသင်းမှ စပါးအသင်းကို ပြောင်းရွေ့ကြေး ပေါင် (၁၁) သန်းဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။  စပါအသင်းတွင် (၇) နှစ်တာအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀၀) တိတိ ကစားပေးခဲ့ပါတယ်။အင်တာမီလန်အသင်းဟာ အဲရစ်ဆင်အပြင် ချဲလ်ဆီးအသင်းမှ ဂီရော့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 


13 Jan 2020     1,364 Views




RELATED

Most Popular of Football

Most Popular of Sport