BEC-TERO TV

ပတ်စ်ပို့အတုကိုင်ဆောင်သော မြန်မာနိုင်ငံသား ၂၆ ဦး နယ်စပ်တွင် ထိုင်းရဲဖမ်းဆီး

13 Jan 2020     3,268 Views


ဇန်နဝါရီလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝခရိုင်တွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်အတုများ ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ၂၆ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထိုင်း နှင့် မလေးရှားနယ်စပ် ဆူငိုင်ကိုလို့ခရိုင်သို့ ဘန်ကောက်မြို့မှ မောင်းနှင်ာလသော ဗင်ကား ၃ စီးကို မသင်္ကာသဖြင့် နောက်မှလိုက်ပြီး စစ်ဆေးစဉ် မြန်မာနိုင်ငံသား ၂၆ ဦး (အမျိုးသား ၂၃ ဦး နဲ့ အမျိုးသမီး ၃ ဦး) တို့ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမခဲ့သူများဟာ လူမှောင်ခိုပွဲစားများနဲ့ ဆက်သွယ်ခဲ့ပြီး သူတို့စီစဉ်ပေးခဲ့သည့်အတိုင်း မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်အတုများ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံထဲသို့ အလုပ်အကိုင် ရှာဖွေရန် ရောက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အဆိုပါသတင်းကို ထိုင်းရဲအဖွဲ့က ကြိုတင်ရရှိခဲ့တာကြောင့် အခုလို ဖမ်းဆီးတားမြစ်နိုင်ခဲ့ခြင်းဖြစ်သည်။

နရာသီဝခရိုင် နမ်စန်း စခန်းမှူးကြီး ရေဒေါ်စရဝါဒီ က ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားတွေက တစ်ဆင့် လူမှောင်ခိုဂိုဏ်းကို ဆက်လက်ဖော်ထုတ်သွားမည်ဟု ပြောကြားခဲ့သည်။ ဖမးဆီးရမိသူများကိုတော့ နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်မှု၊ လဝက ဥပဒေများနဲ့ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်မှ စ၍ ထိုင်းရအဖွဲ့က တရားမဝင်နေထိုင်သူများအား ဖိအားပေးရှာဖွေဖမ်းဆီးမှုတွေရှိခဲ့ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ခွန်ဘူရီခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း SAW လှုမှုရေးအကျိုးပြုစာမျက်နှာတွင် ဖော်ပြထားသည်။


13 Jan 2020     3,268 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS