BEC-TERO TV

ဗယ်ဗာဒီ ကိုထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ခဲ့တဲ့ ဘာစီလိုနာအသင်း

14 Jan 2020     1,366 Views


ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီနှင့် လမ်းခွဲလိုက်ပြီး ဘက်တစ်နည်းပြဟောင်း ဆက်တီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ စပိန် စူပါ ဖလားဆီးမီးဖိုင်နယ်မှာ အက်သက်လက်တီကိုအသင်းကို  ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခဲ့ခြင်းပါတယ်။

ဗယ်ဗာဒီဟာ ဘာစီလိုနာအသင်းကို  ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးဖလား တစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဘာစီလိုနာနည်းပြအတွက် ကစားဟောင်း ဇာဗီကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ဆက်တီယန်ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

နည်းပြသစ် ဆက်တီယန်

နည်းပြသစ် ဆက်တီယန် ဘာစီလိုနာအသင်းကို ၂၀၂၂  ဇွန်လအထိ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဆက်တီယန်ဟာ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်စီနဲ့လည်း ရင်းနှီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ  ရီးရဲလ်မက်ဒရစ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားအသာဖြင့် အမှတ်ပေးဇယား အဆင့် (၁) နေရာမှာရပ်တည်နေပါတယ်။ လာမယ့်အပါတ်မှာတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဂရန်နာဒါအသင်းကို လက်ခံကစားသွားရမှာဖြစ်ပါတယ်။

Ref ; givemesport


14 Jan 2020     1,366 Views




RELATED

Most Popular of Football

Most Popular of Sport