BEC-TERO TV

၁ လတစ်ခါ အရေခွံလဲရတဲ့ သနားစရာ ၁၀ နှစ်အရွယ် မြွေလူသားလေး (ရုပ်သံ)

14 Jan 2020     30,960 Views


တစ်ကယ်တော့ အရမ်းကို သနားစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာရှုထောင့်ကနေ ပြောမယ်ဆိုရင် ဝဋ်ကြွေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ အသက် ၁၀ နှစ်သာ ရှိသေးတဲ့ အိန္ဒိယနိုင်ငံက ကလေး(ယောက်ျာလေး)ဟာ အလွန်ရှားပါးပြီး ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားနေရပါတယ်။ သူ့ရဲ့အရေခွံတွေဟာ ၆ ပတ်ကြာရင် တစ်ခါ ကွာကျပြီး အသစ်လဲလှယ်တာကြောင့် ‘မြွေလူသား’လေးလို့ အရပ်က ဝိုင်းပြီးခေါ်နေကြပါတယ်။

သူ့ရဲ့နာမည်ရင်းက ‘ဂျာဂန်နတ်သ်’ဖြစ်ပြီး ရှားပါတဲ့ အရေပြားမျိုးဗီဇရောဂါ (Lamellar ichthyosis) ကို ခံစားနေရတာဖြစ်ပါတယ်။ ရောဂါရဲ့အခြေအနေအရ အရေပြားဖွံ့ဖြိုးမှုမြန်သလို အရေးပြားတွေ ခြောက်လိုက်လာကာ မြွေတွေလို အရေခွံတွေကွာကျလဲလှယ်ကုန်တာပဲဖြစ်ပါတယ်။

ရက်သတ္တပါတ် ၄ ပါတ် ကနေ ၆ ပါတ် တစ်ကြိမ် အရေခွံလဲလေ့ရှိပါတယ်၊ ဒါကြောင့် လတိုင်း အရေခွံလဲနေတဲ့ ကလေးဆိုရင်လည်း မမှားပါဘူး။

အရေပြားခြောက်သွေ့မှု မြန်ဆန်လွန်းလို့ ရောဂါဝေဒနာသက်သာစေရန် သူ့ကို တစ်နာရီခြားတစ်ခါ ရေချိုးပေးနေရပြီး ၃ နာရီခြားတစ်ခါ အသားအရေ မခြောက်သွေအောင် လူးဆေးတွေ လူးပေးရပါတယ်။

အိန္ဒိယနိုင်ငံ ဂမ်ဂျန်စီရင်စုမှာ နေထိုင်တဲ့ ကလေးရဲ့ ခြောက်သွေ့နေတဲ့ အသားအရေတွေဟာ ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေတာကို တွေ့ရပြီး နေပူပူအောက်မှာ ရိုးပြတ်တွေကို မီးရှို့ထားလို့ မဲခြောက်ပြီး ပက်ကြားအက်နေတဲ့ လယ်ကွက်တွေကို ကြည့်ရသလို ကြက်သီးထစရာကောင်းလှပါတယ်။

အသားအရေတွေက ခြောက်လာရင် တစ်ကိုယ်လုံးတင်းကြပ်လာပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး၊ ပြီးရင် အခြားလူတွေက သူ့ရဲ့ခြေဆံလက်ဆံပေါ်က ခြောက်နေတဲ့ အရေပြားတွေကို ဝိုင်းကူပြီး ခွာချပေးရပါတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ ဒီရောဂါကို ပျောက်ကင်းသက်သာအောင် ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကလေးရဲ့ မိသားစုတွေဟာ ဆင်းရဲပြီး သူများလယ်မှာ အလုပ်လုပ်ကြရတဲ့ သူရင်းငှားတွေဖြစ်လို့ ဆေးကုသဖို့ စရိတ်လည်း မတတ်နိုင်ကြပါဘူး။

ကလေးဟာ ငယ်ငယ်လေးထဲက ဒီရောဂါကိုခံစားခဲ့ရပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝမှာ ဆေးမကုနိုင်ပဲ သားလေးရဲ့အဖြစ်ကို ထိခိုက်ကြေကွဲစွာ နေ့စဉ်ရက်ဆက် ဒီလိုပဲ ကြည့်နေရတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

အဲဒီဒေသမှာရှိတဲ့ အမည်မဖော်လိုသူ အရေပြားဗေဒပညာရှင်တစ်ဦးက “ဒီရောဂါက ကုလို့မရပါဘူး၊ ဘယ်လိုပဲ အခြားဆရာဝန်တွေက ကုလိုရတယ်လို့ ပြောနေပြောနေပါ” လို့ ပြောကြားခဲ့ပါတယ်။


14 Jan 2020     30,960 Views




RELATED

Most Popular of Special or Others

Most Popular of NEWS