BEC-TERO TV

မန်စီးတီးအသင်းမှ နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကြံနေတဲ့ အာဆင်နယ်နည်းပြ အာတီတာ

14 Jan 2020     1,424 Views


အာဆင်နယ်အသင်းနည်း​ပြ အာတီတာဟာ မန်စီးတီးအသင်းမှ နောက်ခံလူ ဂျွန်စတုံးကို အငှားဖြင့် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းက ပြောစရာဖြစ်နေပြီး သွင်းဂိုး (၃၁) ဂိုးထိ ဂိုးခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။

အာတီတာကတော့ ပြီးခဲ့တဲ့ အပါတ်က လန်ဒန်မှာ ဂျွန်စတုံးရဲ့ အေးဂျင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်လို့ the sun ရဲ့ ဖော်ပြချက်အရသိရပါတယ်။ အာတီတာဟာ မန်စီးတီးအသင်းမှာ ပက် ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်တာကြောင့် ဂျွန်စတုံးနဲ့ ရင်းနှီးမှုတွေ ရှိခဲ့ပါတယ်။

ဂျွန်စတုံးကိုယ်တိုင်ကလည်း လာမယ့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းနှင့် အတူ ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ကစားသမားနဲ့ နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျွန်စတုံးဟာ ပြီးခဲ့တဲ့ အပါတ်က လန်ဒန်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

အကယ်လို့ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်ပါက အာတီတာ အတွက်ရော ဂျွန်စတုံးရော နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ မျှော်လင့်ရပါတယ်။

Ref ; dailymail


14 Jan 2020     1,424 Views




RELATED

Most Popular of Football

Most Popular of Sport