BEC-TERO TV

တောင်ကမ်းပါးနံရံမှာ ၈ နာရီကြာ ချိပ်မိနေတဲ့ လေထီးသမားအား ကယ်တင်

14 Jan 2020     1,890 Views


သြစတီးယား လေထီးခုန်ကစားသူတစ်ဦးဟာ ထိုင်းနိုင်ငံက တောင်ကမ်းပါးရံတစ်ခုမှာ သူ့ရဲ့လေထီးငြိနေခဲ့ပြီး မြေပြင်ကနေ မီတာ ၂၅၀ အမြင့်ရှိတဲ့ လေထဲမှာ ၈ နာရီကျော်ကြာ တွဲလောင်း ချိပ်မိနေခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက် တနင်္လာနေ့ နံနက်ပိုင်းက နခွန်စီ တမရတ် စီရင်စုက ကယ်ဆယ်ရေးအဖွဲ့တွေကို ဖတ်တလောင်းပြည်နယ် မောင်းစီရင်စုမှာရှိတဲ့ ခိုအုတ်ထလူ တောင်မှာ အရေးပေါ်ကယ်ဆယ်မှုလုပ်ရန် ဖုန်းနဲ့ဆက်သွယ်ပြီး ညွှန်ကြားခြင်းခံခဲ့ရပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ဒေသခံတွေရဲ့ အကူအညီနဲ့ လေထီးသမားကို  ခက်ခက်ခဲခဲနဲ့ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လေထီးခုန်သမားရဲ့ အမည်က Johannes Glatzer ဖြစ်ကြောင်း သိရသည်။

Glatzer ၏ ချစ်သူကောင်မလေး ပြောပြချက်အရ Glatzer နဲ့ အခြားအဖွဲ့ဝင် ၉ ဦးဟာ စနေနေ့မှာ ကျရောက်မယ့် ကလေးများနေ့အတွက် လေထီးခုန်လေ့ကျင့်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားတွေဟာ Glatzer ကို ကမ်းပါးနံရံကနေ ဟယ်လီကော်ပတာနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် နေရာကျဉ်းလွန်းတာကြောင့် တောင်ထိပ်ပေါ်ကနေ ကြိုးနဲ့ဆင်းပြီး သူ့ကို ကယ်ဆယ်ရေးကရိယာတွေ တပ်ဆင်ကာ ကယ်တင်နိုင်ခဲ့ပါတယ်။

Glatzer ဟာ ထိခိုက်ဒဏ်ရာရမှု အသေးစားလေးတွေနဲ့အတူ ဒူးခေါင်းကို ထိခိုက်ခဲ့တာကြောင့်  ဖတ်သလောင်း ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြပါရှိသည်။


14 Jan 2020     1,890 Views




RELATED

Most Popular of International News

Most Popular of NEWS