BEC-TERO TV

အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင်ဇာတ်ကား ထိပ်ဆုံးမှ ဦးဆောင်

14 Jan 2020     1,408 Views


ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က အော်စကာဆု ဆန်ခါတင်စာရင်းကို ကြေညာခဲ့ပြီး “Joker” ရုပ်ရှင်ဇာတ်ကားက ဆန်ခါတင်စာရင်းတွင် အများဆုံး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအတွက်  “joker” ရုပ်ရှင်ကားနဲ့အတူ ၊ Ford v Ferrari ၊ The Irishman ၊ Jojo Rabbit ၊ Marriage Story ၊ 1917 ၊ Once Upon a Time in Hollywood နှင့် Parasite ရုပ်ရှင်ကားတို့လည်း ပါဝင်ခဲ့ပါတယ်။

 “Joker ” ရုပ်ရှင်ကနေ အကောင်းဆုံး ဇာတ်ကားဆု ၊ အကောင်ဆုံး  ဓါတ်ပုံဆု ၊ အကောင်ဆုံး  ဇာတ်ဝင်သီချင်းဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး ဇာတ်ညွန်းဆုအပါအဝင် ၊  အကောင်းဆုံး ဇာတ်ဆောင်ဆု စသည့် အကောင်းဆုံးဆု (၁၁) ခုအထိ ဆန်ခါတင်စာရင်းမှာ အများဆုံး ပါဝင်ခဲ့ပါတယ်။

“Joker ” ရုပ်ရှင်ဇာတ်ကားနောက်မှာ Once Upon a Time in Hollywood ၊ Irishman နှင့် 1917 တို့က (၁၁) စီနဲ့ ဒုတိယနေရာမှ ရပ်တည်ခဲ့ပါတယ်။

Film Nominations
Joker 11
Once Upon A Time... In Hollywood 10
The Irishman 10
1917 10
Marriage Story 6
Parasite 6
Little Women 6
Jojo Rabbit 6
Ford v Ferrari 4

အော်စကာဆုပေးပွဲကြီးကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။


14 Jan 2020     1,408 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS