BEC-TERO TV

လက်ပြတ်နေတဲ့ မောင်ချစ်မင်းထက်အတွက် ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်သွားမယ့် ဂျွန်လွင်

16 Jan 2020     5,761 Views


လတ်တလောလူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ အသက် (၁၂) နှစ်အရွယ်ထဲက မိသားစုကို တစ်ဖက်တစ်လမ်းကလုပ်ကိုင်ရှာဖွေကျွေးမွေးရင်း လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရရှိကာ လက်သုံးချောင်းပြတ်သွားတဲ့ ကလေးလုပ်သားမောင်ချစ်မင်းထက်ဟာ လက်ပြတ်တဲ့ဒဏ်ရာရှိနေတာတောင် တစ်နေကုန်အလုပ်လုပ်ပြီးမိသားစုကို ကူညီထောက်ပံ့​နေသူဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ မောင်ချစ်မင်းထက်နဲ့ သူ့ရဲ့မိသားစုအတွက် Stars & Models Agencyရဲ့ ဥက္ကဌဖြစ်သူ ဂျွန်လွင်က လိုအပ်တဲ့ငွေကြေးကူညီထောက်ပံ့မှုများပြုလုပ်သွားမယ်လို့ သိရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဂျွန်လွင်က မနေ့က ဇန်နဝါရီလ (၁၅) ရက်နေ့မှာပဲ ကလေးလုပ်သားငယ် မောင်ချစ်မင်းထက်နဲ့မိသားစုကို တွေ့ဆုံခဲ့ပြီး လိုအပ်တဲ့အသုံးစရိတ်အတွက် ငွေကြေးများလှူဒါန်းခဲ့ပါတယ်။ မောင်ချစ်မင်းထက်ရဲ့ အဖေနဲ့အမေအတွက် အလှူငွေ (၂) သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး လစဉ်လတိုင်းလဲ ငွေကြေးကူညီထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်အနေနဲ့ မောင်ချစ်မင်းထက်ဝါသနာပါရာ စက်ပြင်သင်တန်းကို ငွေကြေးအကုန်အကျခံထားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းတက်နေစဉ်ကာလအတွင်းမှာလဲ လစဉ်ထောက်ပံ့ငွေအဖြစ် ကျပ် (၁၅၀၀၀၀) ပေးအပ်ကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ ဂျွန်လွင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ “ညီလေးချစ်မင်းထက်နဲ့အဆက်သွယ်ရပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ မိဘအပေါ်သိတတ်မှု၊ မိသားစုအပေါ် အလေးထား တာဝန်ယူတတ်တဲ့ မင်းရဲ့ စိတ်ဓာတ်​​ကောင်းတခုအတွက် အခုကစပြီး ညီ​​လေးဘ၀အတွက် အဆင်ပြေအောင်ကူညီမယ့် သူပေါ်လာတာပေါ့။ လက်​ပြတ်တဲ့ဒဏ်ရာ ရှိ​နေတာတောင် တစ်နေကုန်အလုပ်လုပ်ပြီး နေ့စားရတဲ့ငွေ ၅၀၀၀ ကို အိမ်ကို​ပြန်ထောက်ပံ့ပေးတဲ့ လူတယောက်ဖြစ်လို့ အရမ်းကိုလေးစားပီတိဖြစ်ပါတယ်။

ညီလေးရဲ့ ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်တခု စတင်တဲ့အခါလိုအပ်မယ့် စက်ပြင်သင်တန်း​ကျောင်းတက်ခွင့်ရအောင်လည်း စီစဥ်ဆောင်ရွက်ပေးပါမယ်။ ညီ​လေး အမေ စျေးရောင်းဖို့အတွက်နဲ့ အဖေ့ဆေးဖိုး အသုံးစရိတ်အတွက် အခု လောလောဆယ် အလှူငွေ၂သိန်း လှူဒါန်းပေးလိုက်ပါတယ်။ လစဥ်ထောက်ပံ့ဖို့အတွက်နဲ့ လိုအပ်သည်များကိုလဲ ဆက်လက်ကူညီပေးသွားပါမယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

လိုအပ်သူကို ကူညီလှူဒါန်းမှုပြုလုပ်ပေးခဲ့တဲ့ ဆရာဂျွန်လွင်အတွက် လေးစားဂုဏ်ယူမိသလို မောင်ချစ်မင်းထက်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်…

 

(ပိုပိုလေး)


16 Jan 2020     5,761 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS