BEC-TERO TV

လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူး ရှာပုံတော်ထွက်တော့မယ့် ယူနိုက်တက်

20 Jan 2020     1,711 Views


မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို (၂-၀) ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲတွင် မန်ယူအသင်းတွင် အားထားရတဲ့ တိုက်စစ်မှူး ရက်ဖို့စ် ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် အသက်မဲ့ခဲ့တဲ့ တိုက်စစ်ပိုင်းအတွက် မန်ယူအသင်းနည်းပြ ဆိုးရှားလ်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွေ့တွင် တိုက်စစ်ကစားသမား တစ်ဦးကို အငှားခေါ်ယူဖို့ လီဗာပူးလ်အသင်းနဲ့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ ဆိုးရှားလ်က “ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အများအပြားဖြစ်နေပါတယ်။ မားကပ် ရက်ဖို့စ် ၊ ပေါ့ဘာ ၊ တော်မီနေး တို့ ဒဏ်ရာကြောင့် ကစားနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် နွေရာသီကာလအထိ အသင်းမှာ ရေတိုကစားပေးမယ့်နိုင်မယ့် ကစားသမားတွေကို ရှာဖွေရတော့မှာပါ။ အသင်းနဲ့ အံ့ဝင်မယ့်ကစားသမား စျေးကွက်ထဲမှာ အငှား ဒါမှမဟုတ် အခြားတစ်နည်းနည်း ခေါ်ယူရပါမယ်။ ” လို့ပြောကြားခဲ့ပါတယ်။

အသင်းတောင်ပံ တိုက်စစ်ကစားသမား မာရှယ်ဟာလည်း (၂) လတာ ကာလအထိ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး အခုမှ ပြန်စကစားနိုင်ခါစ ဖြစ်ပါတယ်။ အားထားရတဲ့ အသင်းတိုက်စစ်မှူး ရက်ဖို့စ်က (၃) လလောက်အထိ အနားယူရမယ့် အနေအထားမှာရှိတယ်ဆိုတာကိုလည်း ဆိုးရှားလ်က အတည်ပြုခဲ့ပါတယ်။

Ref; dailymail


20 Jan 2020     1,711 Views




RELATED

Most Popular of Football

Most Popular of Sport