BEC-TERO TV

အနုပညာကြေးမပေးပဲ လူလည်ကျသွားတဲ့ ကုမ္ပဏီတစ်ခုအကြောင်း ထုတ်ပြောလိုက်တဲ့ ဖွေးဖွေး

20 Jan 2020     1,620 Views


နိုင်ငံကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သလို တောင့်တင်းခိုင်မာလှတဲ့ပရိသတ်အင်အားကို ရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီသရုပ်ဆောင်ဖွေးဖွေးကတော့ လက်ရှိမြန်မာ့အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပါ။ ကလေးလေးတစ်ယောက်လို ချစ်စဖွယ်ကောင်းလွန်းလို့ ပရိသတ်တွေက သူမကိုချစ်စနိုးနဲ့ ဖွေးစိန်လေးလို့ ခေါ်ကြတာလဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဖွေးဖွေးက သူမရဲ့ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကြီး (၃) ခုကိုရရှိပိုင်ဆိုင်ထားပြီး နာမည်ကြီးကုန်ပစ္စည်းအမှတ်တံဆိပ် တော်တော်များများရဲ့ Brand Ambassador တစ်ယောက်အဖြစ်လဲ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖွေးစိန်က သူမနဲ့အလုပ်အတူတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ သူမအပေါ်ထိုက်သင့်တဲ့ အနုပညာကြေးငွေမပေးပဲ လူလည်ကျသွားတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်တာတွေ့ရပါတယ်။

ဖွေးဖွေးက သူမနဲ့လက်တွဲလုပ်ကိုင်နေတဲ့ iflix ဆိုတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ သူမအပါအဝင် တစ်ခြားသောမြန်မာအနုပညာရှင်များကို အနုပညာကြေးငွေမပေးပဲ လူလည်လုပ်ကာလျှော်သွားတဲ့အကြောင်းကို စိတ်မကောင်းဖြစ်စွာ ထုတ်ဖော်ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ယခုလိုမြန်မာနိုင်ငံသားတွေအပေါ် နိုင်ငံခြားသားတွေက လူလည်လုပ်အမြတ်ထုတ်သွားခြင်းကို မခံမရပ်နိုင်တာကြောင့် ထုတ်ဖော်ပြောလိုက်တာလို့လဲဆိုပါတယ်။

ဖွေးစိတ်ပြောထားတာက “ဘယ်​တော့မှ ကိုယ့်​ကြောင့်လူ​တွေကို စဒုက္ခမ​ပေးချင်ဘူး… မထင်ထားတဲ့လူ​တွေက အဲ့လိုလုပ်တတ်တာလား? ဒါ​ပေမယ့် ကိုယ်မှန်ရင်​တော့​ခေါင်းငုံ့ခံ​နေလို့လဲမရပြန်ဘူး… မြန်မာပြည်ကလူ​တွေကို အဲ့လိုလာလုပ်လို့ရတာလားဟင်?” ဆိုပြီး စိတ်မကောင်းစွာရေးသားခဲ့တာပါ။

သူမရဲ့ရေးသားချက်ကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေကိုလဲ “ချစ် Darlings ​လေး​တွေစိတ်မပူနဲ့​နော်… iflix က​ ကျွန်မအပါအဝင် မြန်မာပြည်ကအနုပညာရှင်အများစုကို ထိုက်သင့်တဲ့စာချုပ်ကအတိုင်း အနုပညာ​ကြေးများ မ​ပေး​ချေသွားပါဘူး.. အမှန်တရားတခု ​ပြောသင့်​ပြောပြထိုက်တာတခုကို​ ပြောပြအသိ​ပေးရုံပါ...ဖွေး ဘာမှမဖြစ်ပါဘူး စိတ်ထားတတ်ပြီးသားပါ.. သူ့တန်ဖိုးသူသတ်မှတ်တာပါ ကိုယ်လဲကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ... အေး​ဆေး တခြားမှန်ကန်ရိုးသားသူ​တွေနဲ့ အလုပ်တဝကြီးဆက်လုပ်ရဦးမှာမို့… မြန်မာပြည်မှာ ​နောက်ထပ်အဲ့လိုနိုင်ငံခြား company ​တွေလူလည်လာမကျနိုင်ဖို့ မြန်မာအချင်းချင်း​တော့ စည်းလုံးဖို့လိုပါမယ်... ကိုယ့်ကို ကြားက ဆက်သွယ်အလုပ်လုပ်ခဲ့တဲ့ iflix က ဘယ်မြန်မာကိုမှလဲ နံမည်တတ်မ​ပြောချင်​တော့ပါဘူး” လို့ ဆိုပြီး အဖြစ်မှန်ကို အသိပေးရေးသားခဲ့ပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဝိုင်းဝန်းစိတ်မကောင်းဖြစ်ခဲ့ကြသလို ဖွေးစိန်လေးဘက်က ရပ်တည်ပေးနေကြတာလဲတွေ့ရပါတယ်။ ဒါ့အပြင် ယခုလို မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ်မှာ လူလည်လုပ်အမြတ်ထုတ်သွားတဲ့ iflix ကိုလဲ အတော်လေး ဒေါသဖြစ်နေကြတာတွေ့ရပါတယ်…

 

(ပိုပိုလေး)


20 Jan 2020     1,620 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment