BEC-TERO TV

ကလေးချင်း အရုပ်လုကြရာ ဖခင်ဝင်ပါပြီး အခြားကလေးကို ဆွဲလွှင့်ပစ်(ရုပ်သံ)

20 Jan 2020     1,399 Views


ကလေးတွေကို ကစားကွင်းလိုက်ပို့လေ့ရှိကြတဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို မျက်စိအောက်က အပျောက်မခံပဲ တစ်ချိန်လုံး စောင့်ကြည့်နေသင့်ပါတယ်။ ဒီလိုကစားကွင်းတွေမှာ ကလေးအချင်းချင်း အနိုင်ကျင့်တာတွေရှိသလို သားသမီးထိ ဓါးကြည့်၊ ကိုယ့်ဥမှ ကိုယ့်ဥလို့ ထင်ကြပြီး လူကြီးမဆန်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ မိဘတွေကြောင့်လည်း ကိုယ့်ရဲ့ကလေးက ထိပါး စော်ကားခံရတာမျိုးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

ယခုသတင်းမှာတော့ ကစားကွင်းမှာ ကလေးနှစ်ယောက် အရုပ်လုရင်း အငြင်းပွားနေကြရာကို ကလေးတစ်ယောက်ရဲ့ ဖခင်က ကစားကွင်းထဲကို ဒေါသတကြီးဝင်လာပြီး ၄ နှစ်သား ကလေးလေးကို ခြေထောက်ကနေ ဆွဲပြီး အဝေးကို ယူလွှင့်ပစ်လိုက်တဲ့ လူမဆန်တဲ့ အဖြစ်ပျက်တစ်ခါ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ နန်နင်းပြည်နယ်ရဲ့ မြို့တော် ဂေါင်ဇီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးနှစ်ယောက် (မိန်းကလေးနဲ့ ယောက်ျားလေး) လေမှုတ်ရုပ်ကြီးထဲမှာ အရုပ်လုနေကြစဉ် မိန်းကလေးရဲ့ ဖခင်ဖြစ်သူက ဒေါသတကြီးနဲ့ ကစားကွင်းထဲကို ဝင်လာပြီး ကောင်လေးရဲ့ ခြေထောက်တစ်ချောင်းကို ဆွဲကာ လွှဲပြီး ကစားကွင်းထဲ ပစ်လွှတ်လိုက်တာကို တွေ့ရပါတယ်။ ကလေးဟာ လေထဲမြောက်တက်သွား တော်တော်ဝေးဝေးကို ရှပ်တိုက် လွင့်သွားခဲ့ပါတယ်။ ကံကောင်းတာက ကြမ်းခင်းဟာ ကလေးတွေ ချော်လဲရင် မနာအောင် ပြုလုပ်ထားတဲ့ ကြမ်းခင်းပေါ် ကျသွားလို့ဖြစ်ပါတယ်။ ဒီအဖြစ်ပျက်ကို အခြားလူတွေ တွေ့လိုက်ကြပေမယ့် ဒေါသဖြစ်နေတဲ့ အမျိုးသားကို ဘယ်သူကမှ ဝင်မတားရဲပါဘူး။ အမျိုးသားဟာ ကလေးကို လွှင့်ပစ်ရုံတင်မကသေးပဲ လက်ညိုးငေါက်ငေါက်ထိုးကာ ကျိမ်းမောင်းပြောဆိုနေတာကိုလည်း စီစီတီဗီမှာ မြင်လိုက်ရပါတယ်။

လွှင့်ပစ်ခံရတဲ့ ကလေးရဲ့ မိခင်က အခင်းဖြစ်တဲ့အချိန်မှာ အနီးနားက ကော်ဖီဆိုင်မှာ ကော်ဖီသွားဝယ်နေတဲ့အတွက် မျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရပါဘူး။ ဒါပေမယ့် စီစီတီဗီကို ပြန်လည်ကြည့်ရှုပြီးနောက်မှာတာ့ အမျိုးသားကို ရဲတိုင်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါအမျိုးသားအား ထောင်ဒဏ် ၁၀ ရက်နဲ့ ဒဏ်ငွေ ယွမ် ၅၀၀ ချမှတ်လိုက်ကြောင်း သိရသည်။ လွှင့်ပစ်ခံလိုက်ရသည့် ကလေးမှာ လက်မောင်းနဲ့ နားရွက်မှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်းသိရသည်။ နောက်ပိုင်းမှာတော့ ကျူးလွန်ခဲ့တဲ့ အမျိုးသားက သူ၏မဆင်မခြင်လုပ်ရပ်အတွက် တောင်းပန်ပါကြောင်း ပြောဆိုခဲ့သည်။


20 Jan 2020     1,399 Views




RELATED

Most Popular of Special or Others

Most Popular of NEWS