BEC-TERO TV

လူသန်ကြီး Hulk က သူနဲ့ ဆိုဒ်တူဂိုက်တူ ဇနီးလောင်းတစ်ယောက် ရှာဖွေနေ (ရုပ်သံ)

21 Jan 2020     1,520 Views


Marvel Hero ရုပ်ရှင်ကားတွေထဲက စိတ်ကူးယာဉ်ဇာတ်ကောင် “Hulk” လို လူသန်ကြီး တစ်ကယ့်လက်တွေ့ အပြင်မှာ ရှိနေပါတယ်။ ပါကစ္စတန်နိုင်ငံက ကိုယ်အလေးချိန် ပေါင် ၉၈၀ ရှိတဲ့ လူသန်ကြီးက သူနဲ့လိုက်ဖက်မယ့် ဆိုဒ်တူဂိုက်တူ ပေါင် ၂၂၀ လောက်ရှိတဲ့ ဇနီးလောင်း တစ်ယောက်ကို ရှာဖွေနေပါတယ်။

‘Arbab Khizer Hayat’ ဆိုသူ လူသန်ကြီးဟာ တစ်ရက်ကို ကယ်လိုရီ ၁၀,၀၀၀ နီးပါး စားသောက်လေ့ရှိပြီး ပါကစ္စတန်နိုင်ငံမှာတော့ သန်မာထွားကြိုင်းဆုံး လူတစ်ယောက်ဖြစ်ပါတယ်။ အရပ်က ၆ ပေ ၆ လက္မရှိပြီး တစ်နေ့ကို အသား ၆.၆ ပေါင်လောက် စားပါတယ်။

အရပ်မြင့်မြင့်နဲ့ သန်မာတဲ့ လူထွားကြီးဟာ အချစ်ရေးမှာတော့ ကံမကောင်းသေးပါဘူး။ သူနဲ့လိုက်ဖက်မယ့် အမျိုးသမီးကို ရှာဖွေနေတာ ၇ နှစ်လောက်ရှိပြီဖြစ်ပြီး အမျိုးသမီး ၃၀၀ လောက်ကို ငြင်းပယ်ထားခဲ့ရပါတယ်။

အသက် ၂၇ နှစ်သာ ရှိသေးတဲ့ လူသန်ကြီးက သူ့ရဲ့ ဇနီးဖြစ်လာမယ့်သူဟာ ဝိတ်သေးနေလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူ့ကြောင့် ပိပြားသွားမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်သူက ဟဲဗီးဝိတ် အမျိုးသမီးတစ်ယောက်ယောက်ကသာ သူ့အတွက်သင့်တော်မှာဖြစ်ပြီး အနည်းဆုံး ပေါင် ၂၂၀ နဲ့ အရပ် ၆ ပေ ၄ လက္မလောက်ရှိရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့မိဘတွေက သူ့ကို အိမ်ထောင်ပြုစေချင်နေကြပြီး သားသမီးတွေနဲ့ မိသားစုဘဝကို တွေ့မြင်လိုကြပေမယ့် အခုချိန်ထိတော့ သူ့အတွက် ဇနီးတစ်ယောက် ရှာမတွေ့နိုင်သေးပါဘူး။

လူသန်ကြီး “Hulk” ဟာ မနက်စာအတွက် တစ်ရက်ကို ကြက်ဥ ၃၆ လုံးစားပြီး နွားနို့ ၅ လီတာ သောက်ပါတယ်။ ဆယ်ကျော်သက် ဘဝထဲက သူ့ရဲ့ခန္ဓာကိုယ်ဟာ ကြီးထွားလာတာကြောင့် ကိုယ်ကာယကြံ့ခိုင်းရေး အလေးမလေ့ကျင့်ခန်းတွေလုပ်ခဲ့ပြီး လူသန်ကြီးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ပါကစ္စတန်က တစ်ကယ့် ‘Hulk’ဘယ်လောက်တောင် သန်မာတယ်ဆိုတာကို ရုပ်သံမှာ ကြည့်ရှုကြပါဦး။


21 Jan 2020     1,520 Views




RELATED

Most Popular of Special or Others

Most Popular of NEWS