BEC-TERO TV

ရည်းစားဟောင်းရဲ့စွပ်စွဲချက်တွေအပေါ် အချက်အလက်နဲ့တကွပြန်ဖြေရှင်းလိုက်တဲ့ နေဒွေး

23 Jan 2020     1,939 Views


လတ်တလော လူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားအမှုအများဆုံးဖြစ်နေတဲ့ သတင်းတွေထဲကမှတစ်ခုဖြစ်တဲ့ သရုပ်ဆောင်သံစဉ်မောင်နဲ့ ရည်းစားဟောင်းဖြစ်သူ နေဒွေးတို့ကြားက ပြဿနာအရှုပ်အရှင်းကတော့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ်နေတဲ့ သတင်းတစ်ခုပါ။ (၃) နှစ်ကျော်ကြာ သမီးရည်းစားတွေအဖြစ် လက်တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ကြပြီဖြစ်တဲ့သူတို့နှစ်ယောက်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ကိုယ်စီဘ၀လမ်းတွေကို လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သို့ပေမယ့် နေဒွေးရဲ့ EX ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ရည်းစားဟောင်းအကြောင်း ရေးသားပြောဆိုမှုတွေဟာ သူမရဲ့ဂုဏ်သိက္ခာကိုထိခိုက်စော်ကားလာတာကြောင့် သည်းမခံနိုင်တော့တဲ့အဆုံး လူမှုကွန်ယက်ပေါ်မှာ အချင်းချင်းရေးသားပြောဆိုကြရာမှ အကျယ်တဝင့်ဖြစ်လာခဲ့ပြီး ပရိသတ်တွေကြားပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ထိခိုက်ရေးသားကြရာမှ ဖြစ်ပေါ်လာခဲ့တဲ့ဒီကိစ္စမှာ နေဒွေးရဲ့ရေးသားပြောဆိုမှုများဟာ သူမမိသားစုနဲ့ အမဖြစ်သူဘေဘီမောင်ကိုပါ ထိခိုက်လာတာကြောင့် သံစဉ်မောင်က တရားစွဲဆိုသွားမယ်လို့ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ သမီးရည်းစားဖြစ်ခဲ့စဉ်က နေဒွေးမှ သူမအားကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားခဲ့သည်ဟုဆိုကာ ထိခိုက်ဒဏ်ရာများဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ဓာတ်ပုံသက်သေများကိုပါ ထုတ်ပြခဲ့ပြီး တရားဥပေဒနဲ့အညီ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ကြောင်း အားလုံးကိုအသိပေးပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကိစ္စကို ကြားဝင်သုံးသပ်သူတွေကတော့ သရုပ်ဆောင်နေဒွေးကို ဝိုင်းဝန်းဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြသလို တစ်ချို့ကလဲ နေဒွေးဘက်မှရပ်တည်ကာ သံစဉ်မောင်ကိုဝေဖန်ခဲ့ကြသူတွေလဲရှိပါတယ်။

သံစဉ်မောင်ရဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး နေဒွေးတစ်ယောက် ပထမဦးဆုံးအနေနဲ့ မီဒီယာတွေရှေ့မှာ စတင်ဖြေရှင်းလာပါပြီ။ နေဒွေးက သူ့အနေနဲ့အလုပ်တွေမအားလပ်တာကြောင့် ချက်ခြင်းဖြေရှင်းမှုမလုပ်နိုင်ခဲ့တဲ့အကြောင်း၊ တစ်ဖက်မိန်းကလေးရဲ့စွပ်စွဲပြောဆိုမှုတွေမှာ မဟုတ်မမှန်ကြောင်းနဲ့ သက်သေအထောက်အထားတွေကအစ အလုံးစုံရှိကြောင်းကို ချက်ချလက်ကျပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မမှန်ကန်တဲ့နည်းလမ်းနဲ့တရားစွဲဆိုလာပါက ဂုဏ်သိက္ခာနစ်နာမှုအတွက် ပြန်ပြီးတရားစွဲဆိုသွားမှာဖြစ်တဲ့အကြောင်းကို ဖြေရှင်းချက်ထုတ်လိုက်တာဖြစ်ပါတယ်။

ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်နဲ့ကြားက အဖြစ်အပျက်တွေကို အချက်အလက်နဲ့တကွ ပြန်လည်ဖြေရှင်းချက်ထုတ်လာတဲ့ နေဒွေးရဲ့အင်တာဗျူးဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

 

Source_MC

(ပိုပိုလေး)


23 Jan 2020     1,939 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS