BEC-TERO TV

နောက်ထပ် လက်ကျန် (၉) ပွဲအနိုင်ရတာနဲ့ လီဗာပူးလ်အသင်း ချန်ပီယံဖြစ်ပြီ

24 Jan 2020     94,620 Views


ပရီးမီးယားလိဂ်ဖလားရဖို့ ရေပန်းစားနေတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ဝုလ်အသင်းကို ၁-၂ ဖြင့်အနိုင်ယူကာ ပရီးမီးယားလိဂ်တွင် (၁၄) ပွဲဆက် အနိုင်ရရခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းဟာ  နှစ် (၃၀)ကြာ ဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို တစ်ကျော့ပြန် သိမ်းပိုက်နိုင်ဖို့ နီးစစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မနေ့ညက လီဗာပူးလ်အသင်းဟာ ဝုလ်အသင်း အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ပွဲအစမှာ လီဗာပူးလ်အသင်းက ပွချိန်မှာ (၈) မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီးလျှင် အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားတဲ့ လီဗာပူးလ်အသင်း၏ နည်းစနစ်ဟာ အကောင်းဆုံးအနေအထားမှာရှိတယ်ဆိုပေမယ့် မနေ့ညက ပွဲမှာတော့ ဝုလ်အသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ပွဲချိန်မှာ (၅၁) မိနစ်မှာ ဝုလ်တိုက်စစ်မှူး ဟီမီနက်ရဲ့ သွင်းဂိုးကို ခွင်ပြုခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ဝုလ်အသင်းရဲ့ ဖိအာပေးခြင်းကို ခံခဲ့ရတယ်ဆိုပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၄) မိနစ်မှာ တိုက်စစ်မှူး ဖာမီနိုက အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ  နှစ် (၃၀)ကြာ ဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို  ဆွတ်ခူးနိုင်ဖို့ တစ်ပွဲခြင်းစီကို အကောင်းဆုံး အနိုင်ယူပြနိုင်တာကို တွေရပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယနေရာမှ မန်စီးတီးအသင်းကို တစ်ပွဲ​လျော့ကစားထားရပြီး ရမှတ် (၆၇) ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် သင်္ချာနည်းအရဆိုရင် နောက်ထပ် လက်ကျန် (၉) ပွဲအနိုင်ရရှိနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက နောက်ထပ် လက်ကျန် (၁၅) ပွဲ ကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။


24 Jan 2020     94,620 Views




RELATED

Most Popular of Football

Most Popular of Sport