BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ် သံသယရှိတဲ့ ကလေငယ်းကို မိဘများက လေဆိပ်မှာ စွန့်ပစ်ခဲ့

24 Jan 2020     1,831 Views


ယခုကာလဟာ တရုတ်နှစ်သစ်ကူးချိန်ဖြစ်တာကြောင့် တရုတ်လူမျိုးတွေ နေရပ်ပြန်ဖို့ အလုံးအရင်းနဲ့ ခရီးသွားနေကြတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒီလိုအချိန်နဲ့ တိုက်ဆိုင်စွာပင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ်(ကိုရိုနာဗိုင်းရပ်စ်)ကလည်း တရုတ်နိုင်ငံထဲမှာ အကြီးအကျယ် ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ရထားဆိပ်၊ ကားဂိတ်၊ လေဆိပ်တွေမှာ ကျန်းမာရေး စစ်ဆေးရေးတွေ တင်းကျပ်နေပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်စောစောပိုင်းက နေရပ်ပြန်ဖို့ လေဆိပ်ကို ရောက်လာကြတဲ့ မိသားစု လေးယောက်ထဲမှာ အငယ်ဆုံးသားလေးက ဖျားနာနေတာကြောင့် လူဝင်မှုကြီးကြပ်ရေးက လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တာဝန်မဲ့လွန်းလှတဲ့ မိဘတွေဟာ ကလေးနှစ်ယောက်ကို လေဆိပ်မှာ စွန့်ပစ်ထားခဲ့ပြီး လေယာဉ်ပေါ်ကို သူတို့နှစ်ဦးတည်းတက်ကာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာသွားခဲ့ကြပါတယ်။

ဒီအဖြစ်ပျက်ဟာ နန်ကျင်းလူကို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ သူတို့မိသားစုဟာ ချန်ရှားမြို့ကို ထွက်မယ့် လေယာဉ်နဲ့ လိုက်ကြမယ့် ခရီးသည်တွေဖြစ်ကြောင်း သိရပါတယ်။ မိဘဖြစ်သူတွေဟာ သူတေို့မိသားစုကြောင့် လေယာဉ်ချိန်နောက်ကျရတယ်လို့ ဝိုင်းဝန်းပြစ်တင်ခံရအပြီးမှာ ကလေးနှစ်ဦး(မောင်နှမ)ကို လေဆိပ်မှာ ဒီအတိုင်း ထားရစ်ခဲ့ပြီး လေယာဉ်ပေါ်ကို တက်ကာ လိုက်ပါသွားခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ လေဆိပ်မှာ စွန့်ပစ်ထားခံခဲ့ရတဲ့ ကလေးနှစ်ဦးကို လေကြောင်းလိုင်းရဲ့ မြေပြင်ဝန်ထမ်းတွေက ကြည့်ရှုစောင့်ရှောက်ထားရပါတယ်။ လေယာဉ်ပေါ်က ခရီးသည်တွေဟာ သူတို့ကြောင့် လေယာဉ်ချိန် ၃ နာရီခန့် နောက်ကျခဲ့ရတာကို မကျေနပ်ခဲ့ကြသလို ကလေးတွေကို ထားပစ်ခဲ့ပြီး လေယောဉ်ပေါ်လိုက်ပါလာကြတဲ့ မိဘနှစ်ယောက်ကိုလည်း အတော်လေး အံ့သြဒေါသထွက်ခဲ့ကြပါတယ်။

ဒီသတင်း အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး လေကြောင်းလိုင်းအနေနဲ့ မိဘတွေကိုပါ လိုက်ပါခွင့်မပေးသင့်ကြောင်း ဝေဖန်ပြောဆိုကြသလို၊ လေဆိပ်မှာ ဖျားနာပြီးကျန်ရစ်တဲ့ ကလေးဟာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ပြောဆိုနေကြပါတယ်။


24 Jan 2020     1,831 Views




RELATED

Most Popular of Special or Others

Most Popular of NEWS