BEC-TERO TV

ကျန်းမာရေးစစ်ဆေးသူတွေကို လှည့်စားပြီး ပဲရစ်မြို့သို့ဝင်ရောက်ခဲ့တဲ့ ဝူဟန်မြို့က အမျိုးသမီးတစ်ဦး

24 Jan 2020     1,323 Views


လတ်တလောမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ Corona ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူများလည်း တိုးပွားလျှက်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာတချို့က ဝူဟန်မြို့က လာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးချက်အောင်မြင်မှ ဝင်ရောက်ခွင့်ပေးပြီး တချို့ဆို ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ အထိရှိပါတယ်။

ဒါပေမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန်မြို့က အမျိုးသမီးတစ်ယောက်ဟာ ပဲရစ်မြို့ လေဆိပ်က ကျန်းမာရေးစစ်ဆေးသူတွေကို လည့်စားပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့တယ်ပါတယ်။ သူမဟာ အဖျားရောဂါခံစားနေရပေမယ့် ရောဂါလက္ခဏာမပြတဲ့ အနေအထားဖြစ်အောင် ဆေးပြားတွေ သောက်ခဲ့တယ်လို့ သိရပါတယ်။

ထို့သို့ ဆေးသောက်ပြီး ကျန်းမာရေး စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြင်သစ် နိုင်ငံ လိုင်ယွန်မှာရှိတဲ့ မီချီလင် စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားနေတဲ့ ဓာတ်ပုံတွေကို We Chat တင်ခဲ့ပါတယ်။ ဓါတ်ပုံ၏ Caption  စာသားတွင် သူမက ‘ နောက်ဆုံးမှာတော့ ငါစားချင်တဲ့အစားအစာတွေကို စားရပြီ။ ငါအစားမစားရတာ (၂) ရက်လောက်ရှိပြီ ၊ ဒီမြို့ကို ရောက်လာနိုင်ပြီဆိုတော့ မီချီလင်ကို စားရမယ် ၊ ’

‘ဝူဟန်မြို့က ထွက်ခွာမလာခင်မှာ အဖျားရှိပြီး ချောင်းဆိုးနေခဲ့ပါတယ်။ ဒါကြောင့် အဖျားကျဆေးတွေစား ၊ အစားရှောင်တာတွေ လုပ်ခဲ့ရတယ်။ ငါခန္ဒ္ဓာကိုယ် အပူချိန်အတွက် စိုးရိမ်မှု ရှိခဲ့ပေမယ့် အခုချိန်မှာ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့ စာသားနဲ့ ’ လူမှုကွန်ယက် We Chat တွင် တင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တရုတ်သံရုံးက သူမကို ဆိုရှယ်မီဒီယာကနေ ထောက်လှမ်းခဲ့ပြီး ဖမ်းဆီးခေါ်ယူ စစ်ဆေးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အနည်းဆုံးသေဆုံးသူ ၂၅ ယောက်ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။

Ref; BBC


24 Jan 2020     1,323 Views




RELATED

Most Popular of International News

Most Popular of NEWS