BEC-TERO TV

တရုတ်တွေရဲ့ အစားသောင်းကျန်းမှု ဗီဒီယိုများ ဆက်တိုက်ထွက်လာ (ရုပ်သံ)

24 Jan 2020     2,018 Views


ဝူဟန်ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေမှာသာ ငြိတွယ်ပေါက်ပွားလေ့ရှိပြီး အခုလို လူတွေမှာပါ ကူးစ်ပြီး ပျံ့ပွားနေမှုဟာ အစားအသောက်နဲ့ ပက်သက်လာရင် စည်းမထားပဲ တွေ့မရှောင် စားတတ်တဲ့ တရုတ်လူမျိုးတွေရဲ့အကျင့်ကြောင့် ဖြစ်တယ်လို့ သက်သေတွေနဲ့တစ်ကွ ဝေဖန်ထောက်ပြမှုတွေ များလာပါတယ်။

လက်တလောအကြောင်းအရာတွေ မဟုတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေထဲမှာ ပေါက်ကရတွေ စားပြတဲ့ ရုပ်သံတွေ ဓါတ်ပုံတွေကို ကိုးကားကာ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက လင်းနို့စွတ်ပြုတ်သောက်နေတဲ့ မိန်းကလေးရဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပြီး ယခုတစ်ဖန် ကြွက်သားပေါက်လေးတွေကို အရှင်လတ်လတ် ဘီယာနဲ့ မြည်းနေတဲ့ စိတ်ပျက်ရွံရှာစရာ ရုပ်သံထပ်မံ ပျံ့နှံ့လာခဲ့ပြန်ပါတယ်။

ရုပ်သံမှာ ကြွက်သားလေးတွေကို ပန်ကန်ပြားအလယ်မှာ ပုံထားပြီး ပန်းကန်နှုတ်ခမ်းမှာ ခရမ်းချဉ်သီးအခြမ်းလေးတွေနဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။ ဘီယာခွက်ကိုင်ထားတဲ့ အမျိုးသားက ကြွက်ပေါက်လေးတွေကို တူနဲ့ ယူပြီး  အချဉ်နဲ့တို့ကာ တစ်ကောင်ပြီး တစ်ကောင် အရှင်လတ်လတ် ဘီယာနဲ့ မြည်းနေတဲ့ရုပ်သံဟာ အတော်ကြီး အော်ကလီဆန်ဖို့ကောင်းတာကို တွေ့ခဲ့ရပါတယ်။

နောက်ထပ်ရုပ်သံတစ်ခုမှာတော့ လူလတ်ပိုင်း တရုတ်တစ်ယောက်က ကြွက်သေတစ်ကောင်ကို ခေါင်းကနေ ကိုက်ဖြတ်ကာ အစိမ်းလိုက်စားပြတာကို ရွံရှာဖွယ်တွေ့ရပါတယ်။


24 Jan 2020     2,018 Views




RELATED

Most Popular of Special or Others

Most Popular of NEWS