BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှန်ကို ထုတ်ဖော်ပြောလိုက်တဲ့ သူနာပြုဆရာမ (ရုပ်သံ)

27 Jan 2020     1,867 Views


တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တစ်န့တစ်ခြားတိုးလာနေပါတယ်။ တရုတ်အစိုးရက သတင်းတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၈၁၃ ဦး ရှိပြီး ၈၀ ဦး သေဆုံးကြောင်း ဖော်ပြထားကြပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ဒီထက်များစွာ ရှိနေတယ်ဆိုတာကို ဆေးရုံမှာ တာဝန်ကျနေတဲ့ သူမပြုဆရာမတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူနာပြုဆရာမလေးရဲ့ ဖော်ထုတ်ပြောဆိုမှုအရ လူပေါင်း ၉၀,၀၀၀ ဝန်းကျင် ကူးစက်ခံထားရပြီဖြစ်ကြောင်း ရုပ်သံနဲ့တစ်ကွ ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးဟာ အနီးပတ်ဝန်းကျင်က နောက်ထပ်လူ ၁၄ ဦးထိ ဆက်တိုက်ပျံ့ပွားနိုင်တဲ့ အစွမ်းရှိတာကြောင့် လူနာတွေ အချိန်နဲ့အမျှ လျှင်မြန်စွာ တိုးတက်များပြားလာနေတယ်လို့ ဆိုပါတယ်။

အခုလို ကူးစက်မှု ပြင်းထန်တာကြောင့် ဘယ်သူမှ အိမ်ပြင်မထွက်ကြရန်၊ တရုတ်နှစ်သစ်ကူးချိန်ဖြစ်ပေမယ့် လူစုလူဝေးနဲ့ ပါတီပေးတာ၊ စားသောက်ကြတာတွေ မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်ကို ကုသပေးတဲ့ ကျန်မာရေးဝန်ထမ်းတွေကိုယ်တိုင် ကူးစက်ခံနေရပြီး ဆေးရုံတွေမှာ ထိတ်လန့်ကြောက်ရွံ့နေကြတဲ့ ရုပ်သံတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ဝူဟန်မြို့မှာ အလုပ်သမားများအတွက် အဆောက်အဦဆောက်လုပ်မည့် မြေနေရာကို အရေးပေါ် ဆေးရုံကြီးတစ်ရုံတည်ဆောက်နေပြီး ကျန်မာရေးဝန်ထမ်း မလောက်ငမှုကြောင့် အငြိမ်းစား ဆရာဝန်ကြီး တစ်ဦးကိုယ်တိုင် ပြန်လည်၍ လူမှုဝန်ထမ်းတာဝန်ထမ်းဆောင်နေကြောင်း သိရသည်။


27 Jan 2020     1,867 Views




RELATED

Most Popular of International News

Most Popular of NEWS