BEC-TERO TV

ဝူဟန်တွင် ဆေးရုံသစ်ကြီးကို ၆ ရက်အတွင်း အပူတပြင်းဆောက်လုပ်နေ

27 Jan 2020     1,449 Views


ဝူဟန်ဗိုင်းရပ်စတင်ရာ ဝူဟန်မြို့ကို အာဏာပိုင်တွေက အဝင်အတွက်များ ပိတ်ဆို့ထားလိုက်ပြီးနောက် မြို့တဲ့မှာ လူ ၁၁ သန်းကျော် ပိတ်မိနေပါတယ်။ လူ ၁၁ သန်းကျော်ရှိနေပေမယ့် ဗိုင်းရပ်စ်ပိုက်ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန် လူတွေအိမ်ထဲကနေ အိမ်ပြင်မထွက်ကြတဲ့အတွက် မြို့ကြီး တစ်မြို့လုံး ခြောက်သွေ့တိတ်ဆိတ်လို့နေပါတယ်။

ဒါပေမယ့် ဝူဟန်မြို့ရဲ့ ဆေးရုံတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံလူနာများ ပြည့်ကျပ်နေပြီး ကျန်းမာရေးဝန်ထမ်းများကိုပါ ဆင့်ပွားကူးစက်လာနေသောကြောင့် ပိုးကူးခံရသူ လူနာတွေက မြင့်တက်နေပါတယ်။

ထို့ကြောင့် အာဏာပိုင်တွေက ဝူဟန်မြို့က စတုရန်းမီတာ ၂၅,၀၀၀ ကျယ်တဲ့ မြေကွပ်လပ်ကြီးထဲမှာ ဆေးရုံသစ်ကြီးတစ်ရုံကို ၆ ရက်နဲ့ ပြီးအောင် တည်ဆောက်ဖို့ နေ့ရောညပါ အပူတပြင်း တည်ဆောက်နေပါတယ်။ ကုတင် ၁,၃၀၀ ဆံ့ ဆေးရုံကြီးကို ၄ ရက်မြောက် ညမှာ ဖွင့်လှစ်နိုင်မယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အင်ဂျင်နီယာတွေကို ခေါ်ယူစုစည်းပြီး အရေးပေါ် ဆောက်လုပ်နေကြပါတယ်။

တရုတ်နိုင်ငံမှာ အခုလို ရက်ပိုင်းအတွင်း ဆေးရုံကြီးတစ်ရုံတည်ဆောက်ဖူးတဲ့ အတွေ့အကြုံရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါ ဖြစ်ပွားချိန်က ဘေဂျင်းမြို့မှာ ၇ ရက်အတွင်း ဆေးရုံတစ်ရုံဆောက်ခဲ့ဖူးကြပါတယ်။ ဒီဆောက်လုပ်ရေးအဖွဲ့ဟာ ကမ္ဘာ့အမြန်ဆုံး ဆောက်လုပ်ရေးအဖွဲ့အဖြစ် ကမ္ဘာ့စံချိန်ကို ချိုးခဲ့ကြပါတယ်။ ဆေးရုံကြီးထဲမှာ ဓါတ်မှန်ခန်း၊ CT ခန်း၊ အထူးကြပ်မတ်ကုသဆောင်တို့ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပြီး ဝပ်တစ်ခုခြင်းစီတိုင်းမှာ ရေချိုးခန်းအိမ်သာတွေ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဝူဟန်ဗိုင်းရပ်စ်ရဲ့ အခြေအနေက ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ နီပေါ နဲ့ အမေရိကန်တို့ကိုပါ ရောက်ရှိ ကူးစက်နေပါတယ်။


27 Jan 2020     1,449 Views




RELATED

Most Popular of International News

Most Popular of NEWS