BEC-TERO TV

ချစ်သူနဲ့က ငယ်သူငယ်ချင်းတွေပါလို့ ထုတ်ပြောလာတဲ့ ခင်လေးနွယ်

05 Feb 2020     1,553 Views


သရုပ်ဆောင်ခင်လေးနွယ်ကိုတော့ ပရိသတ်ကြီးအားလုံးက ရင်းနှီးပြီးသားဖြစ်ပါ။ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးနဲ့ တစ်ချိန်က ရုပ်ရှင်ဗီဒီယိုတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေထဲမှာ အမြဲ​တွေ့မြင်ရလေ့ရှိပြီး ပရိသတ်တွေအားပေးနှစ်ခြိုက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးပြီး အနုပညာအလုပ်တွေနဲ့ဝေးကွာသွားပေမယ့်လဲ ပရိသတ်တွေက သူမကိုချစ်မြဲချစ်နေဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လက်ရှိအချိန်ထိ Single အဖြစ်ရပ်တည်ရင်း အပျိုကြီးဂုဏ်ကိုထိန်းသိမ်းနေတဲ့ ခင်လေးနွယ်ကတော့ မနေ့က ဖေဖော်ဝါရီလ (၄) ရက်နေ့မှာတော့ ပရိသတ်တွေအားလုံးကို အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ အဲ့တာကတော့ အပျိုကြီးမမဖြစ်တဲ့ ခင်လေးနွယ်က သူမရဲ့ချစ်သူကို ရုတ်တရက်ဆိုသလို အလင်းပြလိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးက သူမကို ချစ်သူမရှိပဲ single အဖြစ်နေထိုင်နေတဲ့ အပျိုကြီးမမလို့ ထင်ထားခဲ့ကြတာဖြစ်ပြီး ယခုလို သူမရဲ့ချစ်သူကိုထုတ်ပြလိုက်ချိန်မှာတော့ အကုန်လုံးအံ့ဩတကြီးဖြစ်သွားခဲ့ရပြီး ဂုဏ်ပြုစကားတွေလဲ ဝေဝေဆာဆာပြောဆိုထားကြတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် သူမရေးတင်ခဲ့တဲ့ စာသားကြောင့် တစ်ချို့က ချစ်သူဖြစ်တာ (၁၀) နှစ်ရှိပြီလို့ထင်ခဲ့ကြပြီး အချိန်အကြာကြီးသိုဝှက်ထားတယ်လို့လဲ စနောက်နေကြတာတွေရှိပါတယ်။

ဒီကနေ့မှာတော့ ခင်လေးနွယ်က ချစ်သူနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကို ထပ်မံရေးတင်ထားတာ တွေ့ရပါတယ်။ ခင်လေးနွယ်က သူမချစ်သူနဲ့ သူမဟာ ငယ်ငယ်က ကျောင်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး ချစ်သူရည်းစားဖြစ်တာကတော့ တစ်နှစ်မပြည့်သေးဘူးလို့ ဆိုပါတယ်။

“ဟိုး ငယ်ငယ်ကထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း... ခုအသက်တွေကြီးလာတော့ ချစ်သူ...အသက်တွေ ဘယ်လောက်ကြီးကြီး..ချစ်သူဖြစ်တာ ၁ နှစ်မပြည့်သေးပေမယ့် ကိုယ့်လို လူဆိုးတစ်ယောက်ကို နားလည်ပြီး ချစ်ပေးတဲ့အတွက်... ကျေးဇူးပါ ချစ်သူ” လို့ ရေးသားထားပါတယ်။ ချစ်သူတွေဖြစ်တာ ဆယ်နှစ်ရှိပြီလို့ လွဲမှားစွာထင်မြင်နေကြတဲ့ ပရိသတ်ကြီးလဲ အခုဆို ခင်လေးနွယ်တို့ရဲ့ အမှန်တကယ်ချစ်သူသက်တမ်းကို သိသွားပြီလို့ ထင်ပါတယ်။

ပရိသတ်ကြီးရေ… ခင်လေးနွယ်ကတော့ အပျိုကြီးတစ်ယောက်ဂုဏ်ကိုထိန်းသိမ်းထားပေမယ့် အခုချိန်မှာတော့ ချစ်သူရင်ခွင်မှာ ပျော်ရွှင်နေပြီဖြစ်ပါတယ်နော်…

 

(ပိုပိုလေး)


05 Feb 2020     1,553 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment