BEC-TERO TV

ပုဂံမှာရိုက်ကူးထားတဲ့ အမိုက်စား Pre-Wedding ပုံရိပ်တွေကို ချပြလိုက်တဲ့ မေကဗျာ

06 Feb 2020     1,701 Views


ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့ ဗဗာဆန်တဲ့အသားအရည်ရှိတာမို့ ညိုချောမင်းသမီးလေးတစ်ယောက်အဖြစ် လူသိများတဲ့ သရုပ်ဆောင်မေကဗျာကတော့ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ဒါ့အပြင် အနုပညာရှင်တွေနဲ့သာဖွဲ့စည်းထားတဲ့ နာမည်ကြီးနှင်းဆီအငြိမ့်ဖွဲ့ရဲ့ ပင်တိုင်မင်းသမီးတစ်ဦးလဲ ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သူမဟာ အနုပညာအလုပ်တွေကို အားတက်သရောကြိုးစားလုပ်ကိုင်နေသလို တစ်ဖက်မှာလဲ စီးပွားရေးအလုပ်တွေကို အောင်မြင်စွာလုပ်ကိုင်နေတာပါ။ သမီးလေးတစ်ယောက်နဲ့ ဘ၀ကိုအကောင်းဆုံးကြိုးစားရပ်တည်နေတဲ့ မေကဗျာကတော့ ပရိသတ်တွေနဲ့မကင်းကွာအောင် သူမရဲ့အလှပုံရိပ်တွေကိုလည်း လူမှုကွန်ယက်ကနေ မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ မေကဗျာက ပုဂံမြေမှာလှလှပပလေး ရိုက်ကူးထားတဲ့ Pre_Wedding ပုံရိပ်တွေကို ဝေမျှခဲ့တာတွေ့ရပါတယ်။ ပုဂံမြေကို နောက်ခံထားပြီး အလှဆုံး သတို့သမီးဝတ်စုံလေးနဲ့ ခပ်မိုက်မိုက်လေးရိုက်ကူးထားတဲ့ပုံရိပ်တွေက မြင်ရသူတိုင်းရဲ့မျက်လုံးထဲမှာ အလှဆုံးဖြစ်နေမှာ အသေအချာပါ။

Pre_Wedding ဆိုလို့ သူမရဲ့ပုံလေးတွေလို့တော့ အထင်မစောလိုက်ပါနဲ့ဦး… KMA Wedding Photo studio အတွက် သတို့သမီးလှလှလေးအဖြစ် ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ ဆံပင်ကာလာဆန်းလေးနဲ့ ခပ်မိုက်မိုက်သတို့သမီးလေးအဖြစ် မြင်တွေ့ရမယ့် မေကဗျာရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်…

 

(ပိုပိုလေး)


06 Feb 2020     1,701 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment