BEC-TERO TV

လူစင်စစ်ကနေ ကျောက်တုံးဘဝ ပြောင်းလဲနေတဲ့ သနားစရာ မိန်းကလေးငယ်

07 Feb 2020     1,698 Views


အိန္ဒိယနိုင်ငံက အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ အလွန်တရာမှ ရှားပါးလွန်းလှတဲ့ ထူးဆန်းသော အရေပြား သန္ဓေပြောင်းလဲမှုရောဂါတစ်ခုကြောင့် လူစင်စစ်ကနေ ကျောက်တုံး ကျောက်ဆိုင်ဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။

သူမရဲ့အရေပြားတွေမှာ တက်နေတဲ့ ထူထဲလှတဲ့ အသားမာကြီးတွေဟာ ကျောက်တုံး ကျောက်သားကြီးတွေလို မာကျောလွန်းလှပါတယ်။ အလွန်သနားစရာကောင်းတဲ့ ကလေးမလေး ရာဂျက်စ်ဝါရီ ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်နှာနဲ့ ရက်ဘတ်ပိုင်းလေးသာ ကွက်ကျန်ပြီး တစ်ကိုယ်လုံးမှာ ကျောက်သားဆိုင်ကြီးတွေလို အသားမာထုကြီးတွေ ကြမ်းတမ်းစွာ တက်နေပါတယ်။

အခုလိုရောဂါမျိုးဟာ ရှားပါးလွန်းတဲ့ မျိုးဗီဇသန္ဓေပြောင်းလဲမှုကြောင့် ဖြစ်ရတာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ အခုလိုအမှုပေါင်း ၂၄ ခုပဲရှိတယ်လို့ သိရပါတယ်။

ဒီရောဂါဟာ ကုသလို့မရနိုင်သေးပဲ လူ့ခန္ဓာကိုယ်ရဲ့ အရေပြားဖြစ်စဉ်ကို ထိုးနှက်တိုက်ခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ ကလေးလေးဟာ အသက်အရွယ်နဲ့ မမျှအောင် သူမ ထိုင်ထလှုပ်ရှားမှုတွေ လုပ်လိုက်တိုင်း နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ တဲအိမ်လေးရှေ့က ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေတဲ့ ရာဂျက်စ်ဝါရီ ရဲ့ ဓါတ်ပုံဟာ စိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး တစ်ကိုယ်လုံးနီးပါး ကျောက်တုံးကြီးလို ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီရောဂါဟာ သေစေနိုင်လောက်တဲ့ထိ မဆိုးရွားပေမယ့် တစ်နေ့တစ်ခြား သူမရဲ့ လှုပ်ရှားနိုင်မှုတွေမှာ အကန့်အသတ်ရှိလာပါတယ်။ လှုပ်ရှားမှုတိုင်းက သူမကို နာကျင်စေပါတယ်။ ဒီရောဂါဟာ ဆေးသိပ္ပံသုတွေသီတွေအတွက်တော့ ကုသနိုင်သည့် ဆေးရှာမတွေ့သေးပဲ အခက်တွေ့နေရတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါကို ထိန်းချုပ်မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိနေတဲ့အတွက် အခုချိန်ထိတော့ ကုရာနတ္ထိဆေးမရှိသေးတဲ့ ဝဋ်နာကံနာ တစ်မျိုးဖြစ်ပါတယ်။


07 Feb 2020     1,698 Views




RELATED

Most Popular of Special or Others

Most Popular of NEWS