BEC-TERO TV

တွေ့သမျှလူကိုပစ်သတ်ခဲ့တဲ့ ထိုင်းသေနတ်သမား တပ်ကြီးရဲ့ ဖြစ်စဉ် စ/ဆုံး

10 Feb 2020     1,720 Views


ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်း နာခွန်းရတ်ချာစီမာမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က တပ်ကြပ်ကြီး Jakrapanth Thomma သေနတ်ကိုင်ပြီး နေရာလေးနေရာမှာ မြင်သမျှလူတွေကို ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးသွားခဲပြီး ဒဏ်ရာရရှိသူတွေ ဒါဇင်နဲ့ချီပြီး ရှိနေခဲ့ပါတယ်။

ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အစ အဆုံးကို ရိုက်တာသတင်းဌါနက ဒေသတွင်းမီဒီယာတွေနဲ့ မေးမြန်းပြီး အသေးစိတ်ကို ပြန်လည် ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၈ ရက် (စနေနေ့)

မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ် -  Jakrapanth Thomma ဟာ သူ့ရဲ့ လူနှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ သူများတွေဆီကနေ လိမ်လည်လှည့်ဖြား အဖွင့်အရေးယူပြီး တစ်နေ့တစ်ခြား ချမ်းသာလာတဲ့ လူတွေရဲ့ အကြောင်းကို မကျေမနပ်ပြောဆိုထားတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီပို့စ်မှာ “ဒီပိုက်ဆံတွေက ငရဲပြည်မှာရော သုံးလို့ရတယ်လို့ သူတို့ထင်နေကြသလား?” ဟု ရေးပြီး ပို့စ်ကို အဆုံးသတ်ထားပါတယ်။

ညနေ ၃ နာရီ - Jakrapanth ဟာ သူ့ရဲ့အထက်အရာရှိနေအိမ်ကို ပိုင်ဆိုင်မှု တစ်ခုခုအတွက် ဆွေးနွေးညှိနှိုင်းရန်ရောက်ခဲ့ပြီးနောက် အငြင်းအခုန်ဖြစ်ပွားကာ အထက်အရာရှိနဲ့ အရာရှိနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးတို့အား သေနတ်ဖြင့် အသေပစ်သတ်ခဲ့သည်။

ညနေ ၄ နာရီ - သူတာဝန်ကျရာ ဆူရတ်ဟမ်ဖီတက် စစ်အခြေစိုက်စခန်းသို့ ပြန်လာပြီး စစ်တပ်အစောင့်ကို သတ်ကာ လက်နက်တိုက်ထဲမှ လက်နက်များ ခိုးထုတ်ယူခဲ့ပြီး စစ်တပ်သုံး ဟန်းဗီးကားကို ယူကာမောင်းနှင် ထွက်သွားခဲ့သည်။

ညနေ ၄ နာရီ ၃၀ မိနစ် - ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှေ့တွင် ကားကို ခေတ္တရပ်ပြီး နောက်ကနေ သူ့ကို လိုက်ဖမ်းတဲ့ အာဏာပိုင်တွေကို ပြန်လည်ပစ်ခတ်ရာ ရဲအရာရှိများအပါအဝင် လူ ၉ ဦး သေးဆုံးခဲ့သည်။ အဲသည်နောက် ကားကိုမောင်းကာ ဆက်လက် ထွက်သွားခဲ့သည်။

ညနေ ၅ နာရီ ၃၀ မိနစ် - တပ်ကြပ်ကြီးဟာ Terminal 21 စျေးဝယ်စင်တာကို ရောက်ရှိပြီး ပစ်ခတ်မှုတွေကို စတင်ပြုလုပ်ခဲ့ရာ ဈေးဝယ်သူတွေ ကြောက်ရွံတုန်လှုပ်ခဲ့ကြပြီး အဲဒီနေရာမှာ လူ ၂၁ ဦး သေးဆုံးခဲ့ပါတယ်။

ညနေ ၅ နာရီ ၅၀ မိနစ် - ရဲတွေက ဈေးဝယ်စင်တာနဲ့ ပတ်ချာလည် ၂ ကီလိုမီတာ အကွာအဝေးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ညနေ ၆ နာရီ - သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လျှပ်စစ်ထိန်းချုပ်ရေးနေရာ သို့မဟုတ် ဆီတိုင်ကီ တစ်ခုခုပေါက်ကွဲခဲ့ပြီး ဈေးဝယ်စင်တာမှာ မီးလောင်ကျွမ်းခဲ့သည်။

ညနေ ၆ နာရီ ၃၀ မိနစ် - သေနတ်သမားက “လူတိုင်း သေခြင်းတရားကို ရှောင်လွှဲလို့ မရဘူး” လို့ ဖေ့စ်ဘွခ်ပေါ်မှာ စတေးတပ်စ်တင်ခဲ့ပါတယ်။

ည ၈ နာရီ - ရဲတွေက သေနတ်သမားရဲ့ မိခင်ကို ချိုင်ရာဖန်စီရင်စုကနေ ခေါ်လာပြီး သားဖြစ်သူကို လက်နက်ချဖို့ နားချခိုင်းခဲ့ပါတယ်။

ည ၉ နာရီ ၃၀ မိနစ် - အချိန်မှာတော့ ဖေ့စ်ဘွခ်က သေနတ်သမားရဲ့ အကောင့်ကို အွန်လိုင်းပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။

ည ၁၀ နာရီ ၁၅ မိနစ် - ထိုင်းလုံခြုံရေး အဖွဲ့တွေက အင်အားသုံးပြီး ဈေးဝယ်စင်တာထဲကို ဝင်ရောက်ကာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့လူတွေကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ည ၁၀ နာရီ ၅၀ မိနစ် - ရဲတပ်ဖွဲ့က ဈေးဝယ်စင်တာရဲ့ မြေညီထပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့)

နံနက် ၁၂ နာရီ ၃၀ မိနစ် - သေနတ်သမား တပ်ကြပ်ကြီးဟာ ဈေးဝယ်စင်တာရဲ့ မြေအောက်ထပ်ကို လွတ်မြောက်သွားပါတယ်၊ မြေအောက်ထပ်မှာတော့ စားသောက်ဆိုင်တွေ၊ ကုန်န်စုံဆိုင်တွေ ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်ကာ ဈေးဝယ်စင်တာထဲမှာ နေရာယူထားကြပါတယ်။

နံနက် ၂ နာရီ - သေနတ်သမားကို ရှာဖွေရင်း ပစ်ခတ်မှုတွေ အကြီးကျယ် ဖြစ်ပွားခဲ့ပါတယ်။

နံနက် ၃ နာရီ - ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ နှစ်ဦးကို ဈေးဝယ်စင်တာထဲကနေ လူတင်ထမ်းစင်နဲ့ ထမ်းထုတ်ခဲ့ကြပြီး အာဏာပိုင်တွေက သေနတ်သမားကို ဆက်က်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

နံနက် ၃ နာရီ ၂၀ မိနစ် -  အနည်းဆုံး ကလေး ၅ ဦးကို ဈေးဝယ်စင်တာထဲကနေ လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့ပါတယ်။

နံနက် ၈ နာရီ - လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြေအောက်ထပ်မှာ သေနတ်သမားနဲ့ အနီးဆုံးနေရာရောက်အောင် ချဉ်းကပ်ခဲ့ကြပါတယ်။

နံနက် ၉ နာရီ ၅ မိနစ် - လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။

သေနတ်သမားဖြစ်တဲ့ တပ်ကြပ်ကြီး Jakrapanth Thomma ကို ပစ်ခတ်ဖမ်းဆီးပြီးနောက် ပြည်နယ်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင် ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၁ ဦး ရှိကာ ယင်းတို့ထဲမှာ ၁၀ ဦးက အခြေအနေစိုးရိမ်းရကြောင်း သိရှိရသည်။


10 Feb 2020     1,720 Views




RELATED

Most Popular of International News

Most Popular of NEWS