BEC-TERO TV

မသန်စွမ်း အယောင်ဆောင်ပြီး ၃ တန်းကျောင်းသူလေးကို အဓမ္မကျင့်ရန်ကြိုးပမ်း

10 Feb 2020     1,656 Views


ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက အသက် ၈ နှစ်အရွယ် မိန်းကလေးကို မသန်မစွမ်းဟန်ဆောင်ကာ ဖြားယောင်းသွေးဆောင်ပြီးနောက် အများသုံး သန့်စင်ခန်းထဲတွင် အဓ္ဓမပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်ခန့်က  အဆိုပါစင်တာထဲတွင် ဆိုင်ခန်းဖွင့်ပြီး ဈေးရောင်းချနေသူ အမျိုးသမီး၏ ၈ နှစ်အရွယ် ၃ တန်းကျောင်းသူလေးက အိမ်သာသွားချင်ကြောင်း ပြောသဖြင့် မိခင်က ခွင့်ပြုခဲ့သည်။ မိခင်ဖြစ်သူဟာ စင်တာထဲတွင် သမီးဖြစ်သူ တစ်နှစ်သမီးအရွယ်ထဲ ဈေးရောင်းချနေခဲ့ပြီး သမီးကလည်း သူ့ဆိုင်ကို လာလည်နေကျ၊ စင်တာထဲမှာလည်း သွားလာနေကျ ဖြစ်သဖြင့် ကလေးကို စိတ်ချလက်ချ တစ်ယောက်တည်း လွှတ်လိုက်မိရာက စတင်ခဲ့သည်။
 
အိမ်သာသို့ ထွက်သွားပြီး သိပ်မကြာမီမှာ သမီးဖြစ်သူ မျက်နှာမသာမယာနဲ့ ပြန်ရောက်လာသဖြင့် မေးမြန်းကြည့်ရာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ပါတယ်။
သူမအိမ်သာသို့သွားစဉ် လမ်းမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး သူ့ရဲ့လက်ဟာ ဒဏ်ရာရထားတာကြောင့် နာနေတဲ့အတွက် အိမ်သာသုံးရာမှာ ရေဆွဲဖို့ အခက်ကြုံနေသဖြင့် အိမ်သာအခန်းထဲလိုက်ပြီး ရေခလုတ်ဆွဲချပေးရန် အကူအညီတောင်းခဲ့ပါတယ်။
အဲဒီနောက် မသန်မစွမ်းများအတွက် အိမ်သာအခန်းထဲကို ကလေးကို ခေါ်သွားခဲ့ပြီးနောက် မိန်းကလေးကို သူ့ရဲ့ ဘောင်းဘီအား ချွတ်ခိုင်းပြီး လိင်တံကို ကိုင်ခိုင်းခဲ့ပါတယ်။ တစ်ချိန်ထဲမှာပင် အမျိုးသားက ဖုန်းနဲ့ အလုပ်ရှုပ်နေသည့်အတွက် ဗီဒီယိုရိုက်ကူးထားဟန်တူကြောင်း မိခင်က ပြောပြခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားက ကလေးကို ပွတ်သပ်ပြီး သူမ၏ လိင်အင်္ဂါကို လက်ဖြင့် လှမ်းနှိုက်လိုက်တာကြောင့် ကလေးက လန့်သွားပြီး အိမ်သာထဲကနေ ပြန်ထွက်ပြေးလာကြောင်း သိရသည်။
 
မိခင်ဖြစ်သူက ဖြစ်စဉ်ကို ရဲတိုင်ကြားခဲ့ရာ ရဲစခန်းမှ စီစီတီဗီ မှတ်တမ်းကို ပြန်လည်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးက ကလေးကို အိမ်သာထဲခေါ်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
အဆိုပါအဖြစ်အပျက်ကြောင့် မိခင်ရော သမီးငယ်လေးပါ ထိတ်လန့်လျှက်ရှိပြီး မလုံခြုံတော့သလို ခံစားရကြောင်းနဲ့ အခြားကလေးတွေကို အလာတူအဖြစ်မျိုး ထပ်မကြုံရစေရန် တရားခံကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
အဆိုပါအဖြစ်အပျက်ကြောင့် မိခင်ရော သမီးငယ်လေးပါ ထိတ်လန့်လျှက်ရှိပြီး မလုံခြုံတော့သလို ခံစားရကြောင်းနဲ့ အခြားကလေးတွေကို အလာတူအဖြစ်မျိုး ထပ်မကြုံရစေရန် တရားခံကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
 
 
ရဲတွေက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သံသယရှိသူ အမျိုးသားကို ရာမ ၃ လမ်းရှိ သူ၏နေအိမ်တွင် ဖမ်းဆီးရမိ ကျူးလွန်ခဲ့စဉ်က အဝတ်အစားများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။
 
ဖမ်းဆီးခံရသူ Mr.Nitiphong အသက် ၄၀ နှစ်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ယခုနည်းလမ်းအတိုင်း ဘန်ကောက်မြို့မှာ ကျောင်းသူလေးတွေကို လိင်ကျူးလွန်ခဲ့ဖူးသဖြစ်ကြောင်း သိရပြီး အသက် မပြည့်သေးသည့် ကလေးများအပေါ် လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှု ဥပဒေပုဒ်မဖြင့် တရားစွဲအရေးယူသွားမည်ဖြစ်သည်။ 

 


10 Feb 2020     1,656 Views




RELATED

Most Popular of International News

Most Popular of NEWS