BEC-TERO TV

ကာယဗလမောင်ကို အစိမ်းခြွေ ခြွေချပစ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်

11 Feb 2020     1,546 Views


တရုတ်နိုင်ငံက အမျိုးသားကြီးဟာ အသက် ၇၀ ကျော်နေပေမယ့် တင်းရင်းဖုထစ်တဲ့ ကြွက်သားဗလတွေကြောင့် လူငယ်တွေကတောင် ပြန်လည်အားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပါ။ သူဟာ အသက်အရွယ်ကြီးလာမှ ကာယဗလမောင်ဖြစ်လာသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ အဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ပျံနှံ့နေချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစွာနဲ့ အကာအကွယ် နှာခေါင်းစည်း တပ်ဆင်ဖို့ကို မလိုဘူးလို့ ငြင်းပယ်ခဲ့တာကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၄ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

‘Qui Jun’ အမည်ရတဲ့ အမျိုးသားကြီးဟာ ဝူဟန်ဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့ရာ ဟူဘေပြည်နယ်မှဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရချိန်တွင် ဆေးရုံတက်ခဲ့ရပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အဆုတ်ရောင်ရောဂါ လက္ခဏာတွေနဲ့ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

‘Qui Jun’ ဟာ ၂၀၀၃ ခုနှစ် သူ့အသက် ၅၆ နှစ်မှာ အလုပ်ကနေ ပင်စင်ယူခဲ့ပါတယ်၊ အဲဒီနောက် ကာယဗလအားကစားကို စတင့်လေ့ကျင့်လိုက်စားခဲ့ပါတယ်။ သပ်မကြာခင်မှာပဲ ကာယဗလမောင် ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပြီး ချံပီယံဆုတံဆိပ် အတော်များများလည်း ရခဲ့ဖူးပါတယ်။ သူ့ကိုတော့ ကာယဗလချံပီယံအဖြစ် တရုတ်ပြည်မှာ လူသိများပါတယ်။ ကာယဗလလေ့ကျင့်ခန်းတွေကို တစ်ရက်မှာ ၃ နာရီခန့် Zhongshan ပန်းခြံထဲမှာရှိတဲ့ အားကစားရုံမှာ နေ့စဉ်လေ့ကျင့်လေ့ရှိပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဝူဟန်မြို့ကို အာဏာပိုင်တွေက ပိတ်လိုက်ပြီး ဗိုင်းရပ်စ်အန္တရာယ်ကို သတိပေးခဲ့ပေမယ့် ‘Qui Jun’ က တော့ ခေါင်းမာစွာနဲ့ သူလုပ်နေကြအတိုင်း အားကစားရုံကို နေ့တိုင်းသွားခဲ့ပါတယ်။

ဒီကြားထဲမှာ တရုတ်နှစ်သစ်ကူးကာလအတွင်း ဝူဟန်ဗိုင်းရပ်စ်တွေ အကြီးအကျယ်ပြန့်ပွားနေတဲ့ အချိန်မှာ သမီးဖြစ်သူနဲ့ သားမက်ဖြစ်သူရဲ့ အိမ်ကို လာလည်ခဲ့ကြောင်း သားမက်ဖြစ်သူက ပြောပြပါတယ်။ ယောက္ခမဖြစ်သူကို နှာခေါင်းစည်းတပ်ဆင်ဖို့ ပြောပေမယ့် ခေါင်းမာစွာနဲ့ ငြင်းပယ်ခဲ့ပြီး ဒီအတိုင်း အပြင်ထွက်လျှောက်သွားနေခဲ့ပါတယ်။

တရုတ်နှစ်ကူး ပထမရက်နဲ့ တတိယရက်တွေမှာ စတင် အဖျားတက်ခဲ့ပြီး၊ ခံတွင်းပျက်လာတဲ့အတွက် နောက်ဆုံးမှာတော့ ဒါဟာ ဗိုင်းရပ်စ်ကူးခံရတာဖြစ်မယ်ဆိုတာကို လက်ခံလိုက်ရကြောင်း သားမက်ဖြစ်သူ Mr Hai က ပြောပြခဲ့ပါတယ်။

သူ့မှာ ကိုရိုနားဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီဆိုတာ သိလိုက်တဲ့အချိန်မှာ မိသားစုတွေက ဝူဟန်ယူနီယံဆေးရုံကြီးကို တင်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အခါမှာ လူနာကုတင်နေရာတွေ ပြည့်ကျပ်နေပြီး သူ့ရှေ့မှာလည်း လူနာ ၃၀၀ လောက် ဆေးရုံတက်ဖို့ တန်းစီစောင့်နေရတာကြောင့် အိမ်ကိုပဲပြန်ခေါ်လာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဝူဟန်ကြက်ခြေနီဆေးရုံကြီးကို တက်ခွင့်ရခဲ့ပြီး လေးရက်အကြာမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။


11 Feb 2020     1,546 Views




RELATED

Most Popular of Special or Others

Most Popular of NEWS