BEC-TERO TV

မျက်လုံးအပေါက်မပါပဲ မွေးလာသည့် သနားစရာကလေးငယ်

11 Feb 2020     1,407 Views


ဇမ်ဘီယာနိုင်ငံက ကလေးငယ်လေးတစ်ဦးဟာ အလွန့်အလွန်ရှားပါသည့် Microphthalmia ဟုခေါ်သော မျက်လုံးပေါက်နေရာမှာ အရေပြားဖုံးနေသည့် အခြေအနေဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ကလေးကို လူဆာကာမြို့မှာရှိတဲ့ တက္ကသိုလ်ဆေးရုံးမှာ ပြီးခဲ့တဲ့နှစ်က မွေးခဲ့တာဖြစ်ပြီး အခုဆိုရင် အသက် ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ကလေးငယ်လေးမှာ လူလောကထဲရောက်ခဲ့တာ တစ်နှစ်ရှိခဲ့ပေမယ့် မျက်စိကို အရေပြားက ဖုံးကွယ်နေတာကြောင့် လောကကြီးကို မြင်နိုင်ခွင့်မရသေးပါဘူး။

မခင်ဖြစ်သူ အသက် ၁၈ နှစ်အရွယ် Belani Mambwa က ကလေးငယ်ရဲ့ မျက်လုံးပေါက်အတွက် ခွဲစိတ်ဖို့ ဆရာဝန်တွေကို မေတ္တာရပ်ခံခဲ့ပေမယ့် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၂၉,၀၅၃ လောက်ရှိနေတာမို့ ခွဲစိတ်မှု မလုပ်နိုင်ခဲ့ပါဘူး။

လက်ရှိမှာတော့ သူမဟာ ကလေးကို ခွဲစိတ်ကုသနိုင်ဖို့တွက် လိုအပ်တဲ့ ငွေတွေကို အလှူကောက်ခံပေးဖို့ ဇမ်ဘီးယား ကျန်းမာရေးဝန်ကြီးဌါနကို လျှောက်လွှာတင်ပြီး တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အိမ်မီးလောင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ၈၀% မီးလောင်ခံလိုက်ရတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးအတွက် အလှုူငွေကောက်ခံပေးခဲ့တဲ့အတွက် အခုဆိုရင် သူ့မျက်လုံးတွေ ပြန်မြင်နိုင်ခဲ့ပါတယ်။

ဒီအကြောင်းတရားတွေကြောင့် သူ့ရဲ့သားလေးရဲ့ အကြောင်းကို နိုင်ငံတကာ မီဒီယာတွေရဲ့ အကူအညီနဲ့ တစ်ကမ္ဘာလုံးက သိသွားပြီး မျက်လုံးပေါက်ခွဲစိတ်ဖို့ လိုနေတဲ့ ငွေကြေးတွေကို လှူဒါန်းမယ့် အလှူရှင်တွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း မိခင်ဖြစ်သူ Belani Mambwa က ပြောကြားခဲ့ပါတယ်။


11 Feb 2020     1,407 Views




RELATED

Most Popular of Special or Others

Most Popular of NEWS