BEC-TERO TV

CNG ဂက်စ်တန်းစီရာ ကြားဖြတ်ဝင်မှုကြောင့် ရန်ပွဲဖြစ်ပြီး တက္ကစီသမားတစ်ဦး သေဆုံး

13 Feb 2020     1,495 Views


မလေးရှားနိုင်ငံ ချရတ်စ်ရပ်ကွက်ရှိ သဘာဝဓာတ်ငွေ(ဂက်စ်)ဆိုင် တစ်ဆိုင်တွင် တက္ကစီယာဉ်မောင်း အမျိုးသားကြီးနှစ်ဦး တန်းမစီပဲ ကြားဖြတ်ဝင်သည့် ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာမှ အသက် ၆၅ နှစ်အရွယ် တက္ကစီသမားတစ်ဦး နေရာတွင် သေဆုံးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စွန်ငိုင်းဘီစီလမ်းပေါ်ရှိ ဓာတ်ဆီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သဘာဝဓါတ်ငွေ(ဂက်စ်) ကို အများအားဖြင့် တက္ကစီကားများတွင်သာ သုံးကြသည့်အတွင် ကိုယ်တိုင်ထည့်စနစ်ဖြင့် ဆီဆိုင်အတွင်း သီးသန့်နေရာထားရှိသဖြင့် စောင့်ကြပ်မည့်သူ မရှိကြောင်း သိရသည်။ ဂက်စ်မှာလည်း အကန့်အသတ်နဲ့သာ ဆီထည့်ပန့်အတွင်း ဖြည့်ထားသည့်အတွက် ဦးရာလူစနစ်ဖြင့် တက္ကစီယာဉ်မောင်းများ အလုအယက်ထည့်ကြရလေ့ရှိသည်ဟု ပြည်တွင်း သတင်းတွင်ဖော်ပြထားသည်။

မျက်မြင်သက်သေများ၏ အဆိုအရ အသက် ၆၁ နှစ်အရွယ် အမျိုးသားကြီး၏ တက္ကစီက ဆီဖြည့်ရန် တန်းစီနေစဉ် နောက်ထပ် အသက် ၆၅ နှစ်အရွယ် အမျိုးသားကြီး၏ တက္ကစီက ကြားဖြတ်ဝင်သည့်အတွက် စကားများကြရာမှ ကိုယ်ထိလက်ရောက်ဖြစ်ပြီး အသက် ၆၅ နှစ်အမျိုးသားကြီးကို ဆောင့်တွန်းခဲ့သဖြင့် ဦးခေါင်း ထိခိုက်ဒဏ်ရာရသွားပြီး နေရာတွင် သေဆုံးသွားခဲ့သည်။

သွေးလိမ်းလိမ်းပေကျံနေသော အသက် ၆၁ နှစ်အမျိုးသားကြီးနဲ့ လမ်းမပေါ်တွင် လဲကျသေဆုံးနေသော အမျိုးသားကြီးတို့၏ ပုံများ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး သတင်းစာခေါင်းကြီးပိုင်မှာ ဖော်ပြခံခဲ့ရသည်။

အဆိုပါတက္ကစီသမားနှစ်ဦးမှာ ယခင်ကတည်းက ရင်းနှီးကြသူများဖြစ်ပြီး ယခုကဲ့သို့ စကားများရန်ဖြစ်ပြီး တစ်ဦးသေဆုံးသွားသည့်အတွက် အချို့ကအံသြနေကြသည်။


13 Feb 2020     1,495 Views




RELATED

Most Popular of Special or Others

Most Popular of NEWS