BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကို မမှုပဲ အင်ဒိုနီးရှားက ဈေးအချို့မှာ လင်းနို့သားများ ရောင်းချနေဆဲ

13 Feb 2020     1,416 Views


လင်းနိို့တွေဟာ လူကိုအန္တရာယ်ဖြစ်စေသည့် ဗိုင်းရပ်စ်များ ခိုအောင်းပေါက်ပွားဖို့ အကောင်းဆုံး သတ္တဝါတွေဖြစ်ပါတယ်။ အထူးသဖြင့် ဆားစ်၊ မားစ် နဲ့ အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 တွေဟာ လင်းနို့တွေမှာ ပေါက်ပွားတဲ့ ဗိုင်းရပ်စ်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

အခုလို အန္တရာယ်များတဲ့ လင်းနို့တွေကို အင်ဒိုနီးရှားနိုင်ငံက ဈေးအချို့မှာ ရောင်းဝယ်ဖောက်ကားနေကြဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌါနက ဖော်ပြထားပါတယ်။ တိုမိုဟွန်စီရင်စုက လင်းနို့ရောင်းသူ Stenly Timbuleng က သူရောင်းချနေတဲ့လင်းနို့တွေဟာ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်းပြောပြီး လူတွေကအထူးဝယ်ယူအားပေးကြတယ်လို့ ဆိုပါတယ်။ ပွဲတော်ကာလတွေမှာဆိုရင် တစ်ရက်ကို လင်းနို့ကောင်ရေ ၅၀ ကနေ ၆၀ လောက်ထိ ရောင်းရပြီး အကောင် ၆၀၀ လောက်ထိတောင် ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

လင်းနို့တွေဟာ မြောက်ပိုင်းဆူလာဝေစီမှာတော့ ဒေသခံတွေအကြိုက်တွေ့တဲ့ အသားဖြစ်ကြောင်း အင်ဒိုနီးရှား ရိုးရာအစားအစာ ကျွမ်းကျင်သူနဲ့ ဟင်းချက်နည်း စာအုပ်ရေးသားသူ William W.Wongso က ပြောပါတယ်။ စာဖိုမှူးတွေဟာ လင့်နို့ရဲ့ ချိုင်းကြားမှာရှိတဲ့ အရည်အိတ်(ဂလင်း)ကို ဖယ်ရှားပြီးမှ ချက်ပြုတ်တဲ့အတွက် အနံ့ဆိုးလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

လင်းနို့ကို အမွှေးတွေကို ဖယ်ရှားဖို့ မီးကင်တာ၊ မီးမြိုက်တာ လုပ်ရပါတယ်။ ပြီးနောက် ဦးခေါင်း၊ အတောင်ပံတွေပါ တစ်ကောင်လုံးကို ခုတ်ထစ်ပြီး ဟင်းခပ်အမွှေးအကြိုင်၊ အုန်းနို့နဲ့ ရောပြီး ချက်ပြုတ်ရပါတယ်။

လက်ရှိမှာတော့ ဂျာကာတာအပါအဝင် မြို့ကြီးတွေမှာ ရှိတဲ့ စာသောက်ဆိုင်တွေဟာ လင်းနို့သားဟင်လျာကို မီနူးစာရင်းထဲကနေ ဖယ်ထုတ်ထားကြပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဆူလာဝေစီမှာ နေထိုင်ကြသူတွေကတော့ လင်းနို့သားကို စားသောက်နေကြဆဲဖြစ်ပါတယ်။


13 Feb 2020     1,416 Views




RELATED

Most Popular of Special or Others

Most Popular of NEWS