BEC-TERO TV

လျှို့ဝှက်သော “ရေခဲ” ၏ နောက်ကွယ်က ထူးခြားတဲ့အစွမ်းသတ္တိများ

14 Feb 2020     1,980 Views


‘ရေခဲ’ ကို လူတိုင်းက အေးစေတဲ့ဂုဏ်သတ္တိရှိတယ်လို့ သိထားကြပြီး  အချိုရည်၊ အဖျော်ယမကာတွေထဲကို ထည့်သောက်ရန်လောက်သာ အသုံးပြုတတ်ကြပါတယ်။ တစ်ကယ်တော့ ရေခဲဟာ အအေးဓါတ်ကိုပေးစွမ်းတဲ့အပြင် လူတွေအတွက် အကျိုးရှိတဲ့ အခြားသော အစွမ်းသတ္တိတွေ အများကြီးရှိနေသေးတယ်ဆိုတာကို လူသိနည်းပါတယ်။

ရေခဲကို သုံးတတ်မယ်ဆိုရင် ကျန်းမာရေး၊ အလှအပရေးရာနဲ့ အိမ်တွင်းမှုကိစ္စတွေမှာပါ များစွာအသုံးတည့်ပါတယ်။ ရေခဲတစ်ခုလုံး အသုံးချနည်း လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေခဲကို ကျန်းမာရေးအတွက် အသုံချနည်းများ

ပင်ပန်းနွမ်းနွယ်တဲ့အခါ ရေခဲကို လည်ပင်း ဂုတ်သား ပေါ်မှာတင်ထားပေးပါက ထင်မှတ်မထားလောက်အောင် မြန်မြန်ဆန်ဆန် ပေါ့ပါးလန်းဆန်းသွားတာကို ခံစားရပါလိမ့်မယ်။ တရုတ်ဆေးပညာရပ်မှာတော့ ဒီနည်းကို (Feng Fu) နှိုးဆွခြင်းလို့ခေါ်ပါတယ်။ မကြာခဏလုပ်ပေးမည်ဆိုပါက အောက်ပါဖေါ်ပြပါ အခြေအနေတေံမှာလည်း များစွာ အထောက်အကူ ပြုနိုင်ပါတယ်။

ကောင်းမွန်စွာ အိမ်ပျော်စေခြင်း၊ ခန္ဓာကိုယ် ညောင်းညာကိုက်ခဲမှုကို သက်သာစေခြင်း၊ ခေါင်းမူး၊ သွားကိုက်ဝေဒနာတို့ကို လျော့ပါး သက်သာစေပါတယ်။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကောင်းမွန်တဲ့ အထောက်အကူဖြစ်စေပါတယ်၊ မျက်ရိုးကိုက်ခြင်းကို ထိရောက်စွာ သက်သာစေပြီး အမြင်အာရုံကို ကြည်လင် လန်းဆန်းစေပါတယ်။

ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်ပြီး နေးစဉ် အလုပ်လုပ်နေရသူတွေမှာ မျက်စိနာတာ၊ မျက်စိညောင်းတာ၊ မျက်ကွင်းညိုတာတွေကို တွေ့ကြုံခံစားဖူကြပါလိမ့်မယ်။ ဒီအခါမျိုးတွေမှာ ရေခဲကို အဝတ်ပါးသန့်သန့်လေးထဲ ထည့်ပြီး ရေခဲထုတ်အဖြစ်နဲ့ မျက်လုံးနား တဝိုက်မှာ တင်ထားပေးလိုက်ပါ၊ ခဏအကြာမှာတော့ သိသိသာသာ လျော့ပါးသက်သာသွားတာကို ခံစားရပါလိမ့်မယ်။

အလှအပအတွက် အသုံးဝင်တဲ့ ရေခဲ

တစ်နေ့လုံးအလှမပျက်ပဲ မိတ်ကပ်တွေ စွဲမြဲနေဖို့ဆိုရင် မိတ်ကပ်မလိမ်းခင်မှာ အရင်ဦးဆုံး ရေခဲတုံးသန့်သန့် တစ်တုံးကိုယူပြီး မျက်နှာပြင်တစ်ခုလုံးမှာ ပွတ်ပေးပါ၊ ခဏနေကြာမှ မိတ်ကပ်ကို ပုံမှန်အတိုင်းလိမ်းပါ၊ အအေးဓါတ်ကြောင့် ချွေးပေါက်တွေက တင်းတင်းရင်းရင်းဖြစ်သွားပြီး မိတ်ကပ်အသားကိုလည်း ပိုပြီးစွဲမြဲစေပါတယ်။

မျက်နှာအသားအရေကိုစိုပြေစေခြင်း

မျက်နှာအသားအရေ ပူပြီး ခြောက်သွေ့သလို့ ခံစားနေရ တဲ့ပျိုမေများ ရေခဲရေနဲ့ မျက်နှာဆေးပေးပါ၊ ဒီနည်းလမ်းကလည်း အအေးဓါတ်ကြောင့် ချွေး ပေါက်တွေကို တင်းရင်းစေပြီး ရေဓါတ်ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။

အဆီပျံသက်သာစေခြင်း

ချွေးပေါက်ကျယ်ပြီး မျက်နှာအရမ်းအဆီပျံတဲ့ ပျိုမေများ ဒီနည်းလမ်းကို စမ်းသုံးကြည့်စေချင်ပါတယ်။ ရေခဲကို အဝတ်စနဲ့ပတ်ပြီး မျက်နှာကို ညင်သာစွာ ပွတ်ပေးပါ၊ ရေခဲတုံး အရည်ပျော်ပြီး ကုန်သွားတဲ့အထိ ပြုလုပ်ပေးပါ၊ အအေးဓါတ်က ချွေးပေါက်တွေကို တင်းရင်းစေပြီး၊ အဝတ်စက မျက်နှာအသားအရေပေါ်က အညစ်အကြေးများကို ဖယ်ရှားပေးတယ်။

နေရောင်ခြည်ကြောင့် ယားယံမှုကို သက်သာစေခြင်း

ပူပြင်းတဲ့ရာသီဥတုမှာ နေရောင်ခြည်ကြောင့် အရေပြားပူစပ်ပြီး ယားယံတာ၊ အနီကွက်ဖြစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။ အထူးသဖြင့် နေပူထဲမှာ အလုပ်လုပ်နေကြရတဲ့သူတွေ၊ အားကစားသမားတွေ၊ ပင်လယ်ကမ်းခြေသွားတဲ့လူတွေမှာ ခံစားရလေ့ရှိပါတယ်။ အဲဒီအတွက် နည်းလမ်းကတော့ ရေခဲကို အဝတ်စနဲ့ပတ်ပြီး ယားယံတဲ့နေရာကို ပွတ်ပေးလိုက်ပါ။

ဝက်ခြံယောင်ရမ်းနာ သက်သာစေခြင်း

ဝက်ခြံပေါက်တဲ့အခါ ယောင်ရမ်းလာပြီး တဆစ်ဆစ်နာကျင်တတ်ပါတယ်။ အထူးသဖြင့် ရောင်ရမ်းဝက်ခြံနာ၊ ခရင်မ်နဲ့ အသားအရည် ဓါတ်မတည့်ခြင်းကြောင့် ထွက်လာတဲ့ ဝက်ခြံတွေမှာ ခံရပိုဆိုးတတ်ပါတယ်။ ဝက်ခြံထွက်ပြီး နာကျင်တဲ့နေရာမှာ ရေခဲနဲ့အုံပေးပါ။ အအေးဓါတ်က ရောင်ရမ်းမှုတွေကို သက်သာစေတယ်။

မျက်နှာအရေးအကြောင်း လျော့ပါးစေခြင်း

အအေးဓါတ်ဟာ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပါတယ်။ သွေးလည်ပတ်မှုကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ ဆဲလ်တွေ၊ သွေးတွေထဲမှာ ရှိတဲ့အာဟာရဓါတ်တွေလည်း မျက်နှာကို ရရှိစေတာကြောင့် အရေးအကြောင်းတွေ လျှော့ပါးစေပါတယ်။ ထို့ပြင် Collagen ထုတ်လုပ်ပေးဖို့လည်း လှုံ့ဆော်ပေးတဲ့အတွက် ချွေးပေါက်ကိုတင်းရင်းစေပါတယ်။ ဒီအချက်တွေကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးလိုက်နိုင်ပါတယ်။

အိမ်တွင်းမှုကိစ္စဆိုင်ရာအကျိုးဝင်ပုံများ

အင်္ကျီမှာကပ်နေတဲ့ ပီကေကိုဖယ်ရှားပေးနိုင်ခြင်း

အင်္ကျီမှာ ပီကေကပ်နေလို့ အင်္ကျီတစ်ထည်လုံး လွှင့်ပစ်လိုက်စရာမလိုပါဘူး။ အင်္ကျီပေါ်က ပီကေကပ်နေတဲ့ နေရာကို ရေခဲနဲ့ကပ်ထားပေးပါ၊ ပီကေမာသွားတဲ့အချိန်ထိ ခဏစောင့်ပေးပါ၊ ပြီးရင်တော့ ပီကေကို သာသာယာယာ ခွာယူလိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း ကြမ်းခင်းကောဇောတွေပေါ်မှာ ပီကေကပ်နေရင်လည်း အသုံးပြုနိုင်ပါတယ်။

လေအေးပေးစက်အနေနဲ့လည်း အသုံးပြုနိုင်

ရေခဲထည့်ထားတဲ့ ဇလုံထဲကို ပန်ကာရှေ့မှာ (သို့) လေလာတဲ့ ပြတင်းပေါက်ဝနားမှာ ချထားပေးလိုက်ပါ၊ ရေခဲကို ဖြတ်ပြီး ကိုယ်ဆီတိုက်လာတဲ့ လေအေးက အဲယားကွန်းဖွင့်ထားသလို အေးမြနေပါလိမ့်မယ်။ ဈေးကြီးပေးရတဲ့ Air cooler တွေဟာ ဒီနည်းကို အခြေခံထားတာမို့ နည်းလမ်းသိရင် ကိုယ့်ဟာကိုယ် ဖန်တီးနိုင်ပါတယ်။

ရေပိုက်ပိတ်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ခြင်း

အိမ်ရှင်မတွေ စိတ်အညစ်ဆုံးကတော့ ဘေဇင်လို့ခေါ်တဲ့ ပန်းကန်ဆေး၊ လက်ဆေးတဲ့ အပေါက် ပိတ်ပြီး ရေမဆင်းတော့တာပါပဲ။ စွန်ပစ်လိုက်တဲ့ အဆီတွေ၊ အစိုင်အခဲတွေ၊ အညစ်အကြေးတွေကြောင့် လမ်းကြောင်းပိတ်ပြီး ရေကောင်းကောင်းမစီးနိုင်တာတွေ ဖြစ်ပါတယ်။ ဒီပြဿနာ ကြုံရပြီဆိုရင်တော့ ပိုက်လိုင်းထဲကို ရေခဲတုံးလေးတွေ ထည့်လိုက်ပါ၊ ပိုက်ထဲမှာ တစ်ဆို့နေတဲ့ အဆီတွေ ရေခဲမှာကပ်ညှိပြီး သူ့အလိုလို ဖယ်ရှားသွားလိုက်မယ်။

ချိုင့်ဝင်နေတဲ့ကောဇောကို နဂိုအတိုင်းဖြစ်အောင်လုပ်နည်း

နင်းပါများလို့၊ ဖိပါများလို့ ချိုင့်ဝင်နေတဲ့ ကောဇောတွေရှိရင် ရေခဲနဲ့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်ပါတယ်။ အရမ်းမထူလွန်းတဲ့ ကောဇောမျိုးတွေမှာ ပိုပြီးအလုပ်ဖြစ်ပါလိမ့်မယ်။ ချိုင့်ဝင်နေတဲ့နေရာမှာ ရေခဲတင်ထားပါ၊ ရေခဲကို အရည်ပျော်သွားတဲ့အထိထားပါ၊ ကောဇောခြောက်သွားလျှင် ချိုင့်ဝင်နေတဲ့နေရာက အလိုလိုပြန်ပြီးပြည့်လာတာကို တွေ့ရပါလိမ့်မယ်။

တိရိစ္ဆာန်တွေအတွက် အပူရှိန်လျှော့ပေးနိုင်ခြင်း

ပူပြင်းတဲ့နွေရာသီမှာ လူတွေသာမက မွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေလို တိရိစ္ဆာန်လေးတွေမှာလည်း အပူဒဏ်ကို ခံစားရတတ်ပါတယ်။ သူတို့ကိုလည်း ရေခဲဝတ်လေးတွေနဲ့ ပွတ်တိုက်ပေးပြီး အပူသက်သာအောင် ကူညီနိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ရေခဲကို အေးဖို့တစ်ခုတည်းအတွက်သာမက အခြားသော အရာတွေအတွက်ပါ အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ ပြန်လည်ဝေမျှခြင်းဖြင့် ဗဟုသုတတွေ ဖြန့်ဝေပေးစေလိုပါတယ်။

 


14 Feb 2020     1,980 Views




RELATED

Most Popular of Health Fix

Most Popular of Life Style