BEC-TERO TV

လက်ချောင်းခြေချောင်း ၃၁ ချောင်းကြောင့် စုန်းမကြီးအဖြစ် စွပ်စွဲခံနေရသူ

14 Feb 2020     1,481 Views


အိန္ဒိယနိုင်ငံက အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးဟာ အများနဲ့မတူပဲ ခြေချောင်း၊ လက်ချောင်း စုစုပေါင်း ၃၁ ချောင်းရှိတာမို့ သူမနေထိုင်ရာရွာက ရွာသူရွာသားက စုန်းမကြီးဟု စွပ်စွဲပြီး ရွာပြင်ထုတ်ထားခံရတာ အခုချိန်ထိ သူမရဲ့ ဘဝတစ်လျှောက်လုံး ဖြစ်ပါတယ်။

‘ကုမာရီနာရက်’ ဆိုတဲ့ အမျိုးသမီးကြီးဟာ မွေးရာပါ ရှားပါးတဲ့မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုကြောင့် သူမရဲ့ ခြေလက်တွေမှာ အပိုတွေပါလာခဲ့တာဖြစ်ပါတယ်။ လက်ချောင်း ၁၂ ချောင်းနဲ့ ခြေချောင်း ၁၉ ချောင်းရှိနေလို့ ကမ္ဘာ့အံ့ဖွယ်စာအုပ်ကြီး ဂင်းနစ်စံချိန်ကိုတောင် ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် သူမရဲ့ ဘဝက လူသူမမြင်အောင် အိမ်ထဲမှာပဲ တစ်ချိန်လုံး နေထိုင်နေခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါလွန်းတဲ့အတွက် ဒီရောဂါကို ကုသဖို့မတတ်နိုင်ပါဘူး။

သူမကို အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်မှာရှိတဲ့ ဂန်ဂျမ်းဆိုတဲ့ နေရာမှာ မွေးဖွားခဲ့ပါတယ်။ ခြေချောင်းလက်ချောင်း အပိုတွေဟာ မွေးရာပါဖြစ်ပြီး ကုသဖို့ မတတ်နိုင်ခဲ့ပါဘူး။ ရွာမှာနေထိုင်ကြသူတွေဟာ ဘာသာရေးအယူလွဲမှားမှုတွေကြောင့် သူမကို စုန်းမကြီးဟု စွပ်စွဲကာ အနားကပ်မခံကြပါဘူး၊ ဒါကြောင့် သူမဟာ ခွဲခြားဆက်ဆံခံနေရပြီး အမြဲတစေ လူမမြင်ကွယ်ရာမှာပဲ နေနေရပါတယ်။

ရွာမှာ တစ်ယောက်လောက်တော့ ရှားရှားပါးပါး ဆိုသလို ကုမာရီရဲ့ အခြေအနေဟာ ရောဂါတစ်ခုကြောင့်ဆိုတာကို သိပေမယ့် အယူသည်းကြတဲ့ ကျန်ရွာသူရွာသားတွေကို ရှင်းပြဖို့ မလွယ်ကူတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတယ်။

၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးမှာ မှော်ပညာသုံးတယ်လို့ စွပ်စွဲခံခဲ့ရပြီး အမျိုးသမီး ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသားရာဇဝတ်မှုဗျူရိုရဲ့ မှတ်တမ်းအရ သိရှိရသည်။ ရပ်ရွာအုပ်ချုပ်ရေးမှုရုံးကလည်း ကုမာရီ ဟာ စုန်းမ မဟုတ်ကြောင်း၊ ကောင်းမွန်စွာဆက်ဆံကြရန် ရွာသားရွာသားများကို အသိပညာပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ သူမဟာ လူတွေရဲ့ စွန်ပစ်ထားမှုကို ခံနေရဆဲဖြစ်ပါတယ်။


14 Feb 2020     1,481 Views




RELATED

Most Popular of Special or Others

Most Popular of NEWS