BEC-TERO TV

ဓါတ်လှေကား အတူစီးမိတဲ့ ၁ မိနစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

06 Mar 2020     1,635 Views


ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြန့်ပွားကူးစက်မှုဟာ အလွန်ကြောက်စရာကောင်းလောက်အောင် လျှင်မြန်တယ်ဆိုတာ ယခုသတင်းက သက်သေဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆွန်ဒေါင်းဂူ၊ ဆိုးလ်မြို့က အသက် ၄၀ အရွယ် အစိုးရဝန်ထမ်းဖြစ်သူ အမျိုးသမီးတစ်ဦးဟာ သူမနေထိုင်ရာ အိမ်ခန်းမှ ဓာတ်လှေကားကို အသုံးပြုပြီးနောက် ဓါတ်လှေကားထဲက အထွက်မှာပင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယလူနာဖြစ်သွားခဲ့ပါတယ်။

သူမစီးနင်းခဲ့တဲ့ ဓါတ်လှေကားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူတစ်ဦး ပါလာခဲ့ပြီး ဓါတ်လှေကားထဲမှာ လိုက်ပါလာသူအားလုံး နှာခေါင်းစည်း ဝတ်မဝတ်ဆင်ထားတာကြောင့် ဓါတ်လှေကားထဲက ထွက်ထွက်ခြင်းပင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလို ခံစားလိုက်ရပါတယ်။

ဓါတ်လှေကားစီးချိန်ဟာ တစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ချက်ခြင်းဆိုသလို နေမကောင်းချင်တဲ့ လက္ခဏာတွေ ပြလာခဲ့တယ်လို့ Oriental Daily သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးရီးယား ကျန်းမာရေးအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ချွဲဂျေဝို က ဓါတ်လှေကားထဲမှာ နေရာကျဉ်းလွန်းတဲ့အတွက် လူတွေပူးကပ်ပြီးစီးရတဲ့အခါမှာ ကျန်းမာရေးအရ စိတ်မချရကြောင်း၊ အနဲ့ဆုံး လူတစ်ယောက်နဲ့တစ်ယောက် ၂ မီတာအကွာအဝေးအလောက် ခွာပြီးရှိနေသင့်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ အလွန်အင်မတန်သေးငယ်တဲ့ အရည်အစက်လေးတွေကနေ ဓါတ်လှေကားရဲ့ ခလုပ်တွေမှာ ကပ်ညိပြီး အဲဒီကနေတစ်ဆင့် အခြားသူတွေကို ကူးစက်တတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဓါတ်လှေကား အသုံးပြုပြီးတာနဲ့ ချက်ခြင်းဆိုသလို လက်ဆေးသင့်ပြီး မျက်နှာနဲ့ လူအများကိုင်တွယ်တတ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး မထိကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။


06 Mar 2020     1,635 Views




RELATED

Most Popular of Special or Others

Most Popular of NEWS