BEC-TERO TV

လက်သန့်စင်ဆေးရည်ကြောင့် မျက်စိကွယ်လုနီးပါးဖြစ်

16 Mar 2020     1,840 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကုသနိုင်ဖို့ ခိုင်မာတဲ့ ဆေးမရှိသေးသော်လည်း ဗိုင်းရပ်မကူးစက်အောင် ထိရောက်စွာ ကာကွယ်နိုင်သည့် နည်းလမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ထုတ်ပြန်သတိပေးထားပြီးဖြစ်သည်။ ထိုနည်းလမ်းများထဲတွင် လက်များကို သန့်စင်အောင်ဆေးကြောပေးခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

လက်များကို ဆေးကြောသန့်စင်ရာတွင် ဆပ်ပြာအပြင် sanitizer ဟု ခေါ်သည့် လက်ဆေးရည်များကိုလည်း အများဆုံး အသုံးပြုကြသည်။ အဆိုပါ sanitizer ကို အသုံးပြုပြီး လက်ကို သန့်စင်အောင် ပြုလုပ်မည်ဆိုပါက လက်ကောင်းစွာ မခြောက်သွေ့မီ မျက်နှာနှင့် မျက်လုံးကို ထိတွေ့ကိုင်တွယ်ခြင်းများ မပြုမိစေရန် အထူးသတိထားသင့်ပါသည်။

ထိုင်းဝမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ sanitizer နဲ့ လက်ဆေးပြီးနောက် မတော်တဆ သူမ၏မျက်လုံးကို ပွတ်မိရာ မျက်ကြည်လွှာ ရောင်ယမ်းလာပြီး ပျက်ဆီးလုနီးပါး အခြေနေထိ ရောက်ခဲ့ရကြောင်း China Press သတင်းအရ သိရသည်။ ‘ကျုံး’ ဟု အမည်ရတဲ့ အမျိုးသမီးဟာ မျက်လုံး ခြောက်သွေလာပါက လက်နဲ့ ပွတ်တတ်တဲ့ အကျင့်ရှိသူဖြစ်ပါတယ်။ သူမဟာ sanitizer ဆေးဖြန်းကာ လက်ဆေးခဲ့ပြီးနောက် မထက်မှတ်ပဲ မျက်လုံးယာယံလာတာကြောင့် လက်ကမခြောက်သေးပဲ မျက်လုံးကို ပွတ်မိခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် တစ်ဖြည်းဖြည်း သူမရဲ့မျက်လုံး စပ်ဖျဉ်းဖျဉ်းခံစားလာရပါတယ်။ အဲဒီနောက် မျက်လံးကို ရေတွေနဲ့ ဆေးပေမယ့် မသက်သာတော့တဲ့အဆုံး ဆေးရုံရဲ့ အရေးပေါ်ဌါနမှာ ပြသခဲ့ရပါတယ်။

ဆရာဝန်တွေက မျက်ကြည်လွှာ အရောင်ကျဆေးတွေ ပေးခဲ့ပြီး သိပိမကြာခင်မှာ သက်သာသွားခဲ့ပါတယ်။ ဒါကြောင့် sanitizer တွေ သုံးပြီးတဲ့အခါ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး အစရှိသည့် မျက်နှာအစိတ်အပိုင်းများကို အတတ်နိုင်ဆုံး ထိတွေ ကိုင်တွယ်မှု မပြုသင့်ကြောင်း ဖော်ပြလိုက်ပါသည်။


16 Mar 2020     1,840 Views




RELATED

Most Popular of Special or Others

Most Popular of NEWS