BEC-TERO TV

သုတေသီများက ကိုရိုနာဗိုင်းရပ်စ် ဆေးထိုးခံရဲသူအား ၆၃ သိန်းပေးရန်ရှာဖွေနေ

16 Mar 2020     1,533 Views


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ကွင်းမယ်ရီဇီဝဗေဒဆန်းစစ်မှုစင်တာမှ ဆေးပညာရှင် သုတေသီများက ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးဖော်နိုင်ရန် အစမ်းသပ်ခံမည့် လူမှုဝန်ထမ်းစိတ်ရှိသူ ၂၄ ဦးအား ရှာဖွေလျှက်ရှိသည်။

တစ်ကမ္ဘာလုံးမှာ လူပေါင်းထောင်ချီ အသက်ဆုံးရှုံးနေရသည့် ကိုရိုနားဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးရှာဖွေသည့် သုတေသနလုပ်ငန်းစဉ်၌ ဝင်ရောက်ကူညီမည့်သူများကို ဂုဏ်ပြုချီးမြှင့်မှုအဖြစ် အမေရိကန်ဒေါ်လာ ၄,၅၈၈ ချီးမြှင့်သွားမည်ဖြစ်သည်။

စမ်းသပ်ခံမည့်သူ ၂၄ ဦးအား ကိုရိုနာဗိုင်းရပ်စ်ပိုးထဲမှ အားအနည်းဆုံး ပိုးနှစ်မျိုးကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခံရမည်ဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ အင်္ဂါရပ်တွေကို စူးစမ်းလေ့လာမှု ခံသွားမှာဖြစ်ပါတယ်။

ပါဝင်စမ်းသပ်ခံမည့်သူများအနေနဲ့ ကနဦးစမ်းသပ်မှုများ ပြုလုပ်ခံရမှာ ဖြစ်ပြီး အောင်မြင်မှသာ ကိုရိုနာဗိုင်းရပ်စ်ပိုးနှစ်မျိုးဖြစ်သည့် 0C43 နဲ့ 229E တို့ကို ထိုးသွင်းခံရမှာဖြစ်ပါတယ်။

ဆရာဝန်တွေက အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ကာ ပေါ်ပေါက်လာတဲ့ ရောဂါလက္ခဏာတွေကို စမ်းသပ်ကုသရင်း အထိရောက်ဆုံးနည်းလမ်းများကို စူးစမ်းလေ့လာသွားမှာဖြစ်ပါတယ်။

စမ်းသပ်ခံသူများ နေထိုင်မကောင်းဖြစ်နေသည့် ကာလတစ်လျှောက်လုံး ရောဂါထိန်းချုပ်ခန်းမှာ ထားရှိမှာဖြစ်ပြီး တင်းကျပ်တဲ့ ကိုယ်အလေးချိန်ထိန်း အစားသောက်အစီအစဉ်နဲ့ နှစ်ပတ်ကြာ ကျွေးမွေးသွားမှာဖြစ်ပါတယ်။ အပြင်လောကနဲ့ လုံးဝထိတွေ့ခွင့်မရသလို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။

လက်တလောမှာတော့ ဒီအစီစဉ်အတွက် ယူကေဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းများထုတ်လုပ်တဲ့ အေဂျင်စီက ခွင့်ပြုချက်မရသေးပါဘူး။ ခွင့်ပြုချက်ရတာနဲ့ ဒီအစီစဉ်ကို ချက်ခြင်း အကောင်အထည်ဖော်သွားမည်ဟု ပြောဆိုထားပြီး လူမှုဝန်ထမ်းစိတ်ဖြင့် ပါဝင်ကူညီရန် စိတ်ဝင်စားသူများအနေနဲ့ ဤနေရာကို နှိပ်ကာ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။


16 Mar 2020     1,533 Views




RELATED

Most Popular of Special or Others

Most Popular of NEWS