BEC-TERO TV

Covid-19 လူနာနဲ့ ဘတ်စ်ကားအတူစီးခဲ့သော ခရီးသည်များကို အရေးပေါ်ဆက်သွယ်

19 Mar 2020     2,096 Views


မလေးရှားနိုင်ငံတွင် အဝေးပြေးဘတ်စ်ကားပေါ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦး လိုက်ပါစီးနင်းခဲ့တာကြောင့် ဘတ်စ်ကားတစ်စီးလုံးရှိ ခရီးသည်များအား ကျန်းမာရေးဌါနမှ အမြန်ဆုံး လာရောက်ဆက်သွယ် စစ်ဆေးခံကြရန် လူမှုကွန်ယက်ပေါ်မှ လွန်ခဲ့သော နာရီပိုင်းအတွင်းက ကြေညာလိုက်သည်။

မတ်လ ၁၆ ရက်နေ့က မလေးရှားနှင့် စင်ကာပူ နယ်စပ်မြို့ ဂျဟိုးဘာရူး မှ ကွမ်တန်မြို့သို့ ထွက်ခွာလာသည့် အဝေးပြေးကားပေါ်တွင် လိုက်ပါလာခဲ့သူတစ်ဦးက Covid-19 ရောဂါလက္ခဏာများ ပြသခဲ့မှုကြောင့် ကွမ်တန်မြို့ ကျန်းမာရေးဌါနမှ တစ်ကိုယ်တည်း သီးသန့်နေရန် ညွှန်ကြားခြင်းခံလိုက်ရသည်။

ထိုသူအား ဆက်လက်စစ်ဆေးခဲ့ရာ ခရီးသွားခဲ့သည့် မှတ်တမ်းကို သိရပြီးနောက် အဆိုပါ ဘတ်စ်ကားပေါ်တွင် လိုက်ပါခဲ့သူ ခရီးသည်များအားလုံကို ကျန်းမာရေး စစ်ဆေးရန် ချက်ခြင်း ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ကွန်တန် ကျန်းမာရေးဌါနမှ လူမှုကွန်ယက် ပေါ်မှကြေညာခဲ့သဖြင့် ထိုနေ့ခရီးစဉ်တွင် လိုက်ပါသွားသူများ အားလုံးကို ဆက်သွယ်နိုင်ခဲ့သည်။

ပိုစ့်တွင် ရေးသားဖော်ပြချက်အရ ယခုကြေညာချက်အား သက်ဆိုင်သူများထံသို့ ရောက်စေရန် ရှယ်ပေးကြစေလိုကြောင်း ရေးသားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အချက်အလက်တွေကိုပါ ပူးတွဲရေးသားဖော်ပြခဲ့ပါတယ်။


19 Mar 2020     2,096 Views




RELATED

Most Popular of Special or Others

Most Popular of NEWS