BEC-TERO TV

အီတလီတွင် ဆရာဝန် ၅ ဦး ထပ်မံသေဆုံး ကျန်းမာရေးဝန်ထမ်း ထောင်နဲ့ချီ ဗိုင်းရပ်စ်ကူးစက်

20 Mar 2020     2,287 Views


ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ပြန့်နှံ့မှုကို အီတလီနိုင်ငံ အကြီးအကျယ်ခံစားနေရပါတယ်။ မတ်လ ၁၉ ရက်နေ့ စစ်တမ်းအရ လူနာများကို ကုသပေးနေသော ဆရာဝန် ၅ ဦး ထပ်မံသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းပေါင်း ၂,၆၂၉ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကာ သေဆုံးသူ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးထိ ရှိလာပြီဖြစ်သည်။

ကျန်းမာရေးဝန်ထမ်း ၂,၆၂၉ ဦး ဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၈.၃% ရှိပြီဖြစ်သည်။ အီတလီနိုင်ငံတွင် သာမန်အရပ်သားများကို ကူးစက်မှုထက် ရှေ့တန်းမှာ ရောဂါသည်များကို ကုသနေရသည့် ကျန်းမာရေးဝန်ထမ်းများအား ကူးစက်မှုနှုန်းက လွန်စွာမြန်ဆန် မြင့်တက်နေခြင်းဖြစ်သည်။

သေဆုံးသွားခဲ့သည့် ဆရာဝန် ၅ ဦးတွင် ၃ ဦးမှာ အသက် ၆၀ ကျော် အရွယ်များဖြစ်ပြီး ကျန် ၂ ဦးမှာ အသက် ၇၀ ကျော်များဖြစ်သည်။ ထိုဆရာဝန်များမှာ အငြိမ်းစားဆရာဝန်ကြီးများဖြစ်ကြပြီး Covid-19 ကြောင့် ပြည်သူများ၏ အသက်ကို ကယ်တင်ရန် မိမိသဘောဆန္ဒအလျောက် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြသူများဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုနဲ့ သေဆုံးမှုနှုန်းများ တိုးတက်လာခြင်းက ဗိုင်းရပ်စ်ကာကွယ်ရန် လုံလောက်သည့် ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ အလုံအလောက်မရှိတာကို ထောက်ပြလျှက်ရှိသည်။ တရားဝင် စားရင်းများအရ ၈ ရက်အတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းပေါင်း ၁,၅၀၀ ကျော် ရှိနေပြီဖြစ်သည်။

Euronews တွင် ရေးသားထားသောသတင်းအရ အဆုတ်ရောင်ရောဂါအခံရှိသူ ဆရာဝန်တစ်ဦးက ဆေးရုံတွင် လက်အိတ်ပြတ်လပ်နေသဖြင့် လက်အိတ်မပါပဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါသည်ကို ပြုစုကုသခဲ့ရကြောင်း၊ မကြာမီ ဆရာဝန်ကိုပါ ကူးစက်ပြီး သေဆုံးသွားကြောင်း ဖော်ပြထားသည်။

CNN ၏ နောက်ဆုံးသတင်းအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွင် အီတလီက ၃,၄၀၅ ဖြစ်ပြီး တရုတ်နိုင်ငံက ၃,၂၄၉ ဖြစ်သဖြင့် ကျော်တက်သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ဒါ့အပြင် နိုင်ငံတွင်းမှာ ကူးစက်ပြန့်ပွားနှုန်းကလည်း စံချိန်တင်ခဲ့ပြီး ဒီနေ့တစ်ရက်ထဲမှာပင် ၅,၃၂၂ ဦး ထပ်မံကူးစက်ခံရကြောင်း သိရှိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ခံထားရသူ ၄၁,၀၃၅ ရှိလာပြီဖြစ်သည်။


20 Mar 2020     2,287 Views




RELATED

Most Popular of International News

Most Popular of NEWS