BEC-TERO TV

Covid-19 ၏ ရောဂါလက္ခဏာရပ်အသစ်များ ထပ်မံတွေ့ရှိ သတင်းထုတ်ပြန်

24 Mar 2020     1,689 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ရဲ့ စရိုက်လက္ခဏာတွေအရ အစပိုင်းမှာ လည်ချောင်း နည်းနည်းနာတာကလွဲရင် ကျန်တာတွေသိပ်မသိသာဘူးလို့ သိရှိထားကြပါတယ်။ နောက်ပိုင်းမှာတော့ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခြင်း၊ ကိုယ်ပူရှိန်တက်လာခြင်းတို့ကို ရက်အပိုင်းအခြားလိုက် တစထက်တစ သိသိသာသာခံစားလာရပါလိမ့်မယ်။

သို့သော် ဖော်ပြပါ ရောဂါလက္ခဏာများ လုံးဝ ပြသခြင်းမရှိပဲ Covid-19 ရောဂါရှိနေသူများကို စစ်ဆေးတွေ့ရှိပြီးနောက် ခန္ဓာကိုယ်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပုန်းရှိုးကွယ်ရှိုးရှိနေနိုင်တဲ့ လက္ခဏာအသစ်မျာကို CNN သတင်းနဲ့ The New York  Times သတင်းတို့က ဖော်ပြလိုက်ပါတယ်။

သတင်းရင်းမြစ် နှစ်ခု၏ အဆိုအရ အမေရိကန်နိုင်ငံနှင့် ယူကေတို့တွင် ရုတ်တရက် နှာခေါင်းမှ ဘာအနံ့မှ မရတော့ခြင်းနဲ့ ခံတွင်းပျက်(အရသာမရှိ)ခြင်းတို့ကို ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာသစ်တွေအနေနဲ့ ထပ်မံထည့်သွင်းလိုက်ကြောင်း သိရသည်။

ကိုရိုနားဗိုင်းရပ်စ် Covid-19 ကူးစက်လူနာ တစ်ဦးတွင် အခြားသော ကိုရိုနာဗိုင်းရပ်စ်၏ ပုံမှန်လက္ခဏာရပ်တွေမပြပဲ ရုတ်တရက် အနံ့အသက်မရတော့ခြင်းနှင့် အရသာပျက်ခြင်းတို့ကိုသာ ခံစားရသည့်အတွက် ယင်းအချက်များကိုပါ Covid-19 ၏ စရိုက် လက္ခဏာသစ်အဖြစ် စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။

ဦးခေါင်းနှင့် လည်ချောင်း ခွဲစိတ်ဆရာဝန်ကြီး ပရော်ဖက်ဆာ Nirmal Kumar ကို Sky News သတင်းဌါနက မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ အခြားသော Covid-19 ၏ လက္ခဏာရပ်များ မပြပဲ အနံ့မရခြင်းနဲ့ အရသာပျက်ခြင်းတို့ရဲ့ လက္ခဏာများကို အသက်ငယ်ရွယ်သည့် Covig-19 positive လူနာများတွင် တွေ့ရှိရကြောင်း ပြောဆိုခဲ့သည်။ ဒီလိုမျိုး ရောဂါလက္ခဏာပြသသူများအနေနဲ့ ၇ ရက်ကြာ တစ်ကိုယ်တည်း သီးသန့်နေထိုင်ကာ ရောဂါထိန်းချုပ်သင့်ကြောင်း အကြံပြုထားသည်။


24 Mar 2020     1,689 Views




RELATED

Most Popular of International News

Most Popular of NEWS