BEC-TERO TV

Lockdown ချခံနေရတဲ့ သခင်အတွက် မုန့်ထွက်ဝယ်ပေးတဲ့ ခွေးလေး

26 Mar 2020     1,534 Views


ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာနဲ့ချီပြီးပြန့်နှံ့နေမှုကြောင့် နိုင်ငံအတော်များများက ကူးစက်ပြန့်နှံ့မှု လျှော့ကျစေရန် ပြည်သူတွေကို အပြင်မထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းများ မဖြစ်မနေဝယ်ယူဖို့ လိုအပ်တဲ့အချိန်မှသာ အိမ်ပြင်ကို ထွက်ခွင့်ပြုထားပါတယ်။ အဲဒီလို အပြင်ထွက်မယ်ဆိုရင်လည်း အကာအကွယ်အပြည့်အစုံနဲ့မှသာ ထွက်ခွင့်ပြုပါတယ်။ အကယ်၍ ဒီစည်းကမ်းတွေကို မလိုက်နာပါက တရားဥပဒေနဲ့ အပြစ်ပေးတာတွေကိုပါ တင်းကြပ်လုပ်ဆောင်နေပါတယ်။

အခုလို Lockdown ချထားတဲ့ နိုင်ငံတွေထဲမှာ မက္ကစီကိုနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ မက္ကစီကိုနိုင်ငံက Antonio Munzo ဆိုသူဟာ နေအိမ်မှာ lockdown ချနေပြီး ၃ ရက်အကြာမှာတော့ သူစားနေကျ အစာပြေမုန့်ဖြစ်တဲ့ Cheeto snack မုန့်ကို စားချင်စိတ် အလွန်ပြင်းပျလာပါတယ်။ ဒီလိုမုန့်ဝယ်ဖို့အတွက် အိမ်ပြင်ထွက်ဖို့ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ပါဘူး၊ နောက်ဆုံးမှာတော့ သူဟာ သူ့ရဲ့ခွေးမလေးကို အပြည့်အဝ ယုံကြည်စွာနဲ့ ခွေးရဲ့လည်ပတ်မှာ သူလိုချင်တဲ့ မုန့်ကို စာနဲ့ရေးပေးကာချိပ်ဆွဲပေးလိုက်ပြီး ဆိုင်မှာ သွားဝယ်ခိုင်းခဲ့ပါတယ်။ စာမှာ သူရေးခဲ့တာကတော့ -

“ဟဲလို.. ဆိုင်ရှင်ကြီးရေ၊ ကျွန်တော့ရဲ့ခွေးလေးကို Cheetos မုန့်လေး ရောင်းပေးလိုက်ပါ၊ အဝါရောင်အထုတ်လေးပါ၊ အနီရောင်မဟုတ်ဘူးနော်၊ အနီရောင်က အရမ်းစပ်လို့ပါ။ ခွေးလေးရဲ့ လည်ပတ်ထဲမှာ ပိုက်ဆံ ၂၀ ထည့်ပေးလိုက်ပါတယ်။ သတိပေးချင်ပါတယ် ခွေးလေးကို ကောင်းကောင်း မဆက်ဆံရင် ကိုက်တတ်တယ်နော်။ အိမ်နီးနားချင်းတစ်ဦး” လို့ ရေးပြီး ခွေးလေးနဲအတူ မုန့်ဆိုင်ကို လွှတ်လိုက်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ခွေးကို ပိုက်ဆံပေးပြီး လွှတ်လိုက်တယ်ဆိုတော့ ဖြစ်နိုင်ပါ့မလားလို့ ထင်ကြပါလိမ့်မယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ခွေးလေးက သူ့သခင်မှာလိုက်တဲ့ အတိုင်း Cheetos အထုတ်လေးကို ပါးစပ်က ကိုက်ပြီး အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့ပါတယ်။ ဒီသတင်းနဲ့ လိမ်မ္မာလွန်းတဲ့ ခွေးလေးရဲ့ ဓါတ်ပုံတွေက လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းအစားဆုံး သတင်းဖြစ်သွားခဲ့ပါတယ်။ မိတ်ဆွေတို့အိမ်မှာ အချစ်တော်ခွေးလေးတွေရှိရင် အခုလိုအချိန်မျိုးမှာ အရမ်းအသုံးဝင်ပါတယ်။


26 Mar 2020     1,534 Views




RELATED

Most Popular of Special or Others

Most Popular of NEWS